Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မော်လမြိုင်သာသနာ စိန်ပက်ထရစ် ဘုရားကျောင်း
နှစ် (၁၉၀) ပြည့် ဂျူဘီလီပွဲ နှင့် ခရစ္စမားအားပေးခြင်းကျင်းပပြုလုပ်

    စိန်ပက်ထရစ် နှစ် (၁၉၀) ပြည့် ဂျူဘီလီပွဲတော် နှင့် ခရစ္စမားအားပေးခြင်းအစီအစဉ်ကို ၂၀၁၉ မတ်လ  ၁၆၊ ၁၇ ရက်တွင် မော်လမြိုင်မြို့ရှိစိန်ပက်ထရစ် ကက်သလစ် ဘုရားကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။ ပွဲတော်အတွက် နိုဗီ နားဆုတောင်းခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၈-၁၇ အထိ ပြု လုပ်ဆုတောင်းခဲ့ကြပါသည်။
    ခရစ္စမားအားပေးခြင်း ခံယူခဲ့သော ကလေးသူ ငယ်များသည် မော်လမြိုင်ဇုံဖြစ်သောရေး၊ ကျိုက္ခမီ၊ မော်လ မြိုင် သန့်ရှင်းသောအိမ်ထောင်စုဘုရားကျောင်းနှင့် စိန်ပက် ထရစ် သာသနာတိုက်နယ်တို့ဖြစ်ပါသည်။ ခရစ္စမားအားပေး ခြင်းခံယူခဲ့ကြသော ကလေးလူငယ်များစုစုပေါင်း (၁၂၀)ဦး ဖြစ်ပါသည်။
    အဖဆရာတော်ကြီး Raymond Saw Po Ray သြဝါဒအမှာစကားမှာ “အတိတ်သမိုင်းဆိုတာ ပစ္စုပန်ကို တည်ဆောက်နေတယ်။ မေ့ပစ်လို့မရသလိုအတိတ်သမိုင်း ကို ဘဝနဲ့ရင်းပြီး ယုံကြည်ခြင်းအတွက် မျိုးစေ့ချပေးခဲ့တဲ့ သာသနာပြုပုဂ္ဂိုလ်တွေကို ကျေးဇူးတင် ဂုဏ်ပြုဖို့၊ သူတို့ ထားပေးခဲ့တဲ့ ယုံကြည်ခြင်းအမွေအနှစ်ကို တန်ဖိုးထားထိန်း သိမ်းဖို့၊ ယုံကြည်ခြင်းအသက်ရည်အောင် တိုးပွားအောင် ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းမှာ ကြားခဲ့သည်။”
    မော်လမြိုင်မြို့ စိန်ပက်ထရစ်ဘုရားရှိခိုးကျောင်း၊ သာသနာတော် သမိုင်းအကျဉ်းချုပ်ကို ဖေါ်ပြရပါလျှင်           ( ၁၈၂၉ -၂၀၀၈)  မော်လမြိုင်မြို့ပေါ်သို့ကက်သလစ်သာသနာရောက်ရှိခဲ့ပုံမှာ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်ခဲ့ ကြသည့် ပေါ်တူကီလူမျိုးကုန်သည်များ စတင်ခဲ့သည် ဟု ယူဆသည်။  
    မော်လမြိုင်မြို့ပေါ်တွင် ၁၈၀၀ခန့်၌် ကက်သလစ် ဘာသာဝင်များ အတော်အတန်ရှိခဲ့ကြပြီးမှတ်တမ်းများအရ ၁၈၂၉ ခုတွင် ဖာသာရ်ဘားဘေကစိန်ပက်ထရစ် ဘုရားရှိခိုး ကျောင်းတည်ဆောက်၍ ထိုနှစ်မှစ၍ ကျောင်းထိုင်ဘုန်း တော်ကြီးများ စိန်ပက်ထရစ် ဘုရားရှိခိုးကျောင်းတွင် အ တည်တကျနေထိုင်ကာမြို့ပေါ်ရှိ ဘာသာဝင်များ၏ ဝိညာဉ် ရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
ဆရာတော်များမော်လမြိုင်မြို့တွင်သီတင်းသုံးနေထိုင်ခြင်း
    ဆရာတော်ကြီးများသည် ယခင်ကရန်ကုန်တွင် အခြေစိုက်၍ နေထိုင်ခဲ့ကြသည်။ ၁၈၃၀ ခုနှစ်မှ ၁၈၅၆ ခုနှစ်အထိ မော်လမြိုင်မြို့တွင် အခြေစိုက်၍သာသနာလုပ် ငန်းများကိုလမ်းညွှန်ခဲ့ကြသည်။   ၁၈၂၉ တွင် သစ်သားဖြစ်တည်ဆောက်ခဲ့ကြသောစိန်ပက်ထရစ် ဘုရားကျောင်းမှာ ဆွေးမြေ့လာသဖြင့် ၁၉၄၉ ခုနှစ်တွင် နောက်တစ်ကြိမ် ဘုရားကျောင်းသစ်တည်ဆောက်ခဲ့ရသည်။ ၁၈၄၉ ခုနှစ် တွင် အမျိုးသမီးများ၏ပညာရေးကို တာဝန်ယူရန် ဆရာ တော်များ၏ဖိတ်ကြားချက်အရ စိန်ဂျိုးဇက်မှ သီလရှင်များ ရောက်ရှိလာခါ မော်လမြိုင်မြို့ပေါ်တွင် အမျိုးသမီးများအ တွက် စာသင်ကျောင်းဖွင့်ခဲ့ကြသည်။  ၁၈၅၈ ခုနှစ်တွင် ဒေလာဆာဂိုဏ်းမှ ဘရာသာရ်များရောက်ရှိလာပြီး မော်လ မြိုင်မြို့ပေါ်တွင် အမျိုးသားများအတွက် စာသင်ကျောင်းဖွင့်ခဲ့ ကြသည်။
စိန်ပက်ထရစ် ဘုရားကျောင်းသစ် ပြန်လည်တည်ဆောက် ခြင်း။
    ဆရာတော် ဘီဂမ်းဒပ် ရောက်ရှိလာပြီးနောက် စိန်ပက်ထရစ် ဘုရားရှိခိုးကျောင်းကို ၁၈၅၇တွင် တိုက် ကျောင်းအဖြစ် ပြန်လည်တည်ဆောက်ပြီး ၁၈၅၉ ခု ဖေ ဖော်ဝါရီလတွင် ဆရာတော်ဘီဂမ်းဒပ်မှ ကောင်းချီးပေးခဲ့ သည်။ ၁၈၈၃ မှ ၁၈၉၃ အထိအနာဂတ်ဆရာတော် ဖြစ်မည့် ဖါသာရ် ကာဒိုးသည် စိန်ပက်ထရစ်ကျောင်းအဖြစ်ဆောင် ရွက်ခဲ့သည်။
           ၁၉၀၀ ကျော်နှစ်များတွင် ဖာသာရ်ဘောင်လန်ဂျဲသည် အနှစ် ၂၀ ခန့် စိန်ပက်ထရစ်ကျောင်းထိုင် ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် ဘုရားကျောင်းနှင့် မြို့ကျက်သရေ ဆောင် နာရီစင်ကို တည်ဆောက်ခဲ့သည်။
    ၁၉၅၀ မှ ၁၉၈၀ အထိဘုန်းတော်ကြီးဖါသာရ် ကာရာပီယက်သည် နှစ်ပေါင်း ၃၀ ခန့် သာသနာလုပ်ငန်း ကိုဆောင်ရွက်ခဲ့သည်။ ဘုန်းတော်ကြီးသည် ဘားအံနှင့် သိမ်ဆိပ် သာသနာတို့ကိုလည်းတွဲဖက် တာဝန်ယူခဲ့သည်။  ၁၉၈၂ ခုနှစ်တွင် ဖာသာရ်စတင်းနစ်သည် ကျောင်းထိုင် အဖြစ်ရောက် ရှိလာခဲ့သည်။ လက်ရှိကျောင်းထိုင်ဘုန်းတော် ကြီးသည် ဖာသာရ်ပီတာမျိုးလွင် ဖြစ်ပါသည်။
    မော်လမြိုင်မြို့ စိန်ပက်ထရစ် ဘုရားရှိခိုးကျောင်း တွင် သာသနာ တာဝန်ထမ်းဆောင် ခဲ့ကြသော ရဟန်း တော်များ ၁၈၂၉ မှ ၂၀၁၉ ခုနှစ်အထိစိန်ပက်ထရစ် ဘုရား ရှိခိုးကျောင်းတွင် သာသနာ တာဝန်ထမ်းဆောင်ခဲ့ကြသောရဟန်းတော်များစုစုပေါင်း(၂၄) ပါးရှိခဲ့ပြီဖြစ်ပါသည်။
                         MLM-Osc


2019-05-06 04:14:48
NEWS AND EVENTS