Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် အစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ဒုတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ပြည်လမ်းရှိ အဖွဲ့ချုပ်၏ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
ဇွန်လ (၄) ရက် နံနက် ၆ နာရီခွဲ အချိန်တွင် ဆရာတော်ကြီး အားလုံး စုပေါင်းကာ မစ္ဆား ပူဇော်ခြင်း ကျင်းပ ပြုလုပ်ခဲ့ကြသည်။ မစ္ဆားတရားတော်မြတ်ကို ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင် ပူဇော်ပေးခဲ့သည်။ သြဝါဒတွင် ကာဒီနယ်မှ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အရေးပါမှု နှင့် ကျွန်ုပ်တို့ တစ်ဦးစီ၏ အသက်တာတွင် ဝိညာဉ်တော်ဘုရား တည်ရှိပုံကို အပြင်အပ လက္ခဏာများဖြင့်သာ ဆုံးဖြတ်ခြင်း မပြုဘဲ မိမိတို့ အသက်တာတွင် ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်များ ဖြစ်သော ချစ်ခင်ခြင်း၊ စိတ်ရှည်ခြင်း၊ ရဲရင့်ခြင်း စသည့် ပါရမီများ ကျင့်ဆောက်တည်ခြင်း ဖြင့်လည်း သိနိုင်ကြောင်း ဝေမျှခဲ့သည်။
အစည်းအဝေး ပထမနေ့ဖြစ်သော ဇွန်လ (၄) ရက်နေ့၏ အစတွင် အဖွဲ့ချုပ်အတွင်း တာဝန်လွှဲပြောင်း ယူကြခြင်း အတွက် ကျေးဇူးတင်ခြင်းနှင့် ကြိုဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ပုသိမ် သာသနာမှ ဖါသာရ် မောရစ် ညွန့်ဝေသည် အမှုဆောင် အတွင်းအရေးမှူးအဖြစ် ၆ နှစ်အတွက် တာဝန်ယူခဲ့ပြီး သူ၏ နေရာတွင် မန္တလေးသာသနာမှ ဖါသာရ် ပီတာ စိန်လှိုင်ဦးမှ အစားထိုး တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ ဖါသာရ် အာလ်ဘတ် မျိုးလွင်သည်လည်း ဘဏ္ဍာထိန်းတာဝန်ကို ၆ နှစ်တာ ထမ်းဆောင်ခဲ့ပြီး သူ၏ နေရာတွင် ဖာသာရ် လူးဝစ် ရဲမြင့်က အစားထိုး ဝင်ရောက်မည် ဖြစ်သည်။ ထို့အတူ အမှုဆောင် အတွင်းရေးမှူးရုံးခန်းတွင် ကူညီလုပ်ကိုင် နေကြသော စစ္စတာ မာရီနာ နှင့် ဘရာသာရ် မက်သရူးတို့၏ နေရာတွင်လည်း စစ္စတာ ဧလိဇဘက် စုစု နှင့် ဘရာသာရ် စေလက်စတင်း တို့က အစားထိုး တာဝန် ထမ်းဆောင်မည် ဖြစ်ပါသည်။
ဆရာတော်ကြီးများ၏ အစည်းအဝေးကို နှစ်စဉ် နှစ်ကြိမ်ပြုလုပ်လေ့ရှိပါသည်။ ပထမ အကြိမ်ကို ဇန်နဝါရီလနှင့် ဒုတိယအကြိမ်ကို ဇွန်လ တို့တွင် ပြုလုပ်ပါသည်။

Image may contain: one or more people, people sitting, table and indoor

2019-06-11 22:05:47
NEWS AND EVENTS