Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြိုးပမ်းကြပါစို့
ငြိမ်းချမ်းရေးအသီးအပွင့်များကို ကိုယ်တိုင်ခံစားကြပါစို့

ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြိုးပမ်းကြပါစို့
ငြိမ်းချမ်းရေးအသီးအပွင့်များကို ကိုယ်တိုင်ခံစားကြပါစို့
မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခအားလုံးချုပ်ငြိမ်းရေး
ကာဒီနယ် ချားလ်စ်ဘို (ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မြန်မာနိုင်ငံ)

မြန်မာနိုင်ငံဟာ သမိုင်းအစဉ်အလာကြီးမားလွန်းလှပါတယ်။
တစ်ချိန်က မြန်မာနိုင်ငံကို သုဝဏ္ဏဘူမိ - ရွှေနိုင်ငံလို့ ခေါ်ဆိုကြပါတယ်။ မြေပေါ် မြေအောက် သယံဇာတတွေနဲ့ ပြေွါကယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ကျောက်စိမ်း၊ ပတ္တ မြား၊ အဖိုးတန်ကျောက်မျက်တွေ၊ ရွှေ၊ ပယင်း၊ သဘာဝဓာတ်ငွေ့၊ သံ၊ ခဲမဖြူ၊ စကျင် နဲ့ အခြားတွင်းထွက်ပစ္စည်း အမြောက်အမြား ထွက်ရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ]ကျွန်းရွှေဝါ} ရဲ့ ထက်ဝက်လောက်ကို ပိုင်ဆိုင် ထားပါတယ်။ ကြီးမားခန့်ညားတဲ့ မြစ်ကြောင်းများစွာကလည်း သာယာလှပတဲ့ လွင် ပြင်တစ်လျှောက် ကွေ့ကောက်စီးဆင်းပြီး စိမ်းလန်းတဲ့တောတောင်တွေနဲ့ မြန်မာ နိုင်ငံကို အာရှတိုက်ရဲ့ဆန်အိုးကြီးဖြစ်စေတဲ့ လယ်ကွင်းပြင်တွေကို ရေချိုပေးဝေ လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ ပြည်သူပြည်သားတွေကို အလေးပေးချစ်မြတ်နိုး တော်မူတဲ့ ကရုဏာတော်အရှင် ဘုရားသခင်ရဲ့လက်ဆောင်မွန်တစ်ခုလိုပါပဲ။
ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ြွေကးပါလော့။
များပြားတဲ့သယံဇာတတွေရှိနေပါလျက်နဲ့ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကုလသမဂ္ဂရဲ့ ]ဖွံ့ဖြိုးမှု အနိမ့်ဆုံး တိုင်းပြည်} ဆိုတဲ့ သတ်မှတ်ချက်ကြောင့် နိုင်ငံတကာမှာ မျက်နှာငယ် နေရဆဲပါ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တောင်းခံနေရဆဲပါ။ ဆာငတ်နေတဲ့ ပြည်သူပြည်သားတွေဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ ဆက်လက် စားသောက် နေရဆဲပါ။ တစ်ချိန်က ကမ္ဘာက အားကျခဲ့ရတဲ့မြန်မာနိုင်ငံဟာ ရွှေခွက်နဲ့တောင်းစား နေရတဲ့ မျက်မမြင်လို မိမိလိုအင်ဆန္ဒတွေကို အင်အားကြီးဒေါ်လာငွေနဲ့ ဖြည့်ဆည်း ပေးမယ့် ပြည်ပကယ်တင်ရှင်တွေကို မျှော်လင့်စောင့်စားနေရပါတယ်။
ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ြွေကးပါလော့။
တစ်ချိန်က ကျွန်ုပ်တို့ကို တစ်ကမ္ဘာလုံးက အားကျခဲ့ရပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ အစောပိုင်းကာလတွေမှာဆိုရင် ကျွန်ုပ်တို့ဟာ အရှေ့တောင်အာရှမှာ ချမ်းသာတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီအချိန်မှာ တရုတ်ပြည်ဟာ အပျက်အစီးပုံအောက်မှာ ရှိနေခဲ့ တယ်။ ဂျပန်နိုင်ငံဟာလည်း စစ်ကြောင့် ပြာပုံဘဝရောက်ခဲ့ရတယ်။ ကိုရီးယားမှာ ပဋိပက္ခအကြီးအကျယ်ဖြစ်နေခဲ့တယ်။ စင်္ကာပူက ကိုလိုနီစနစ်ဆိုးဒဏ် ခံနေရဆဲ ဖြစ်ပြီး မလေးရှားကလည်း ပြည်တွင်းစစ်တွေနဲ့ ထိခိုက်ရုန်းကန်နေခဲ့ရတယ်။ မြန်မာ နိုင်ငံကတော့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး အကောင်းဆုံး တက္ကသိုလ်တွေ၊ အဆင့်မြင့်ပညာရေးနဲ့ ဘာသာ သာသနာအစဉ်အလာကြီးတဲ့ နိုင်ငံ အဖြစ်နဲ့ သုခနိုင်ငံတော်ဖြစ်ခဲ့ပါတယ်။ ပြည်သူပြည်သားတွေဟာလည်း တိုင်းရင်း သား လူမျိုးစု (၈)မျိုး၊ လူမျိုးငယ်ပေါင်း(၁၃၅)မျိုးနဲ့ အရောင်အသွေးစုံလင်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ အကအလှတွေနဲ့ မြန်မာနိုင်ငံဟာ ပြိုးပြက် တောက်ပနေတဲ့ သက်တံ့နိုင်ငံတော်ကြီးဖြစ်ခဲ့ပါတယ်။
ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ြွေကးပါလော့။
ကမ္ဘာပေါ်မှာ သုခနိုင်ငံတော်အဖြစ် ရပ်တည်ခဲ့တဲ့နိုင်ငံဟာ ငရဲခန်းတစ်ခုလိုဖြစ်လာ ခဲ့ပါပြီ။ နှစ်ပေါင်း(၆၀)လုံးလုံး ပဋိပက္ခတွေနဲ့ ချွတ်ခြုံကျခဲ့ရပါပြီ။ တိုင်းရင်းသား လူမျိုးတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေကြပါပြီ။ ကျွန်ုပ်တို့ရဲ့မိခင် ဧရာဝတီဟာ ဒီမြေပေါ်မှာ သွေးချောင်းစီးခဲ့တာကို တိတ်တဆိတ်ကြည့်နေခဲ့ရပါတယ်။ အချင်းချင်း အပြန်အလှန်မုန်းတီးပြီး တရားမဲ့ပြုကျင့်မှုတွေကြောင့် စိတ်ပျက်ကြေကွဲဖွယ် ကိန်း ဂဏန်းတွေ အခုလိုထွက်ပေါ်လာခဲ့ရပါတယ်။
à စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည် (၁)သန်းကျော်
à ပြည်တွင်း အိုးအိမ်စွန့်ခွာဒုက္ခသည် (၁)သန်းကျော်
à တိုင်းတစ်ပါးကို သွားရောက်ပြီး ကျွန်ပြုခံနေကြရတဲ့ လူငယ်(၄)သန်းကျော်
à နိုင်ငံ့လူဦးရေရဲ့ (၂၀%)ဖြစ်တဲ့ ပြည်သူပြည်သား (၁၀)သန်းကျော်ဟာ စီးပွား ရေးမှာ နလံမထူနိုင်ဖြစ်နေကြပါတယ်။ တိုင်းပြည်မှာ အားနည်းတဲ့လူ၊ ထိခိုက် လွယ်တဲ့ လူတွေအတွက် မျက်ရည်ကျစရာနဲ့ ချွတ်ခြုံကျစရာပဲဖြစ်ပါတော့တယ်။
à တိုင်းပြည်မှာ ဆင်းရဲချို့တဲ့မှုရာခိုင်နှုန်းက (၄၀)အထက်ရှိနေပါတယ်။
မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခဟာ ဆိုးဝါးတဲ့ကံကြမ္မာကြောင့်မဟုတ်ပါဘူး။ ဒါဟာ လူလုပ်တဲ့ကပ်ဆိုးကြီးပါ။ ဘုရားသခင်အလိုတော်ရှိလို့ ဖြစ်လာတာ မဟုတ် ပါဘူး။ ရွှေနိုင်ငံကို ဆင်းရဲဒုက္ခတွင်းအဖြစ် ပြောင်းလဲခဲ့တဲ့ လူတွေရဲ့ မိုက်မဲမှုပဲ ဖြစ်ပါတယ်။ ဒါဟာ လူက ဖန်တီးခဲ့တဲ့ကပ်ဆိုးဖြစ်တာကြောင့် အမျိုးကောင်း သား သမီးတွေရဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ အပြီးအပိုင်ရပ်တန့်ပစ်လိုက်လို့ရပါတယ်။
အခုအချိန်မှာ အရမ်းနောက်မကျသေးပါဘူး။ မျှော်လင့်စိတ်နဲ့ ငြိမ်းချမ်းရေးမှာ ပြန် လည်အားစိုက် ထုတ်မယ်ဆိုရင် နဂိုမူလရွှေနိုင်ငံဘဝကို ပြန်ရောက်နိုင်ပါတယ်။ လက်နက်ရဲ့ အစွမ်းကိုသာ ယုံကြည်နေသူကို ကျွန်ုပ်အလေးအနက် တောင်းဆို ချင် ပါတယ်။
à နှစ်ပေါင်း(၆၀)အတွင်းမှာ သေခြင်းနဲ့ မျက်ရည်တွေကလွဲလို့ ဘယ်သူ့အတွက်မှ ကျေနပ်စရာရလဒ် မထွက်ပေါ်ခဲ့ပါဘူး။
à ငြိမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။ ငြိမ်းချမ်းရေးသာ တစ်ခု တည်းသော ထွက်ပေါက်ပါ။ သေနတ်တွေဟာ ပဋိပက္ခတွေကို မဖြေရှင်းပေးနိုင်ဘူး ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။
à ပင်လုံငြိမ်းချမ်းရေးလမ်းကြောင်းဟာ ပြီးပြည့်စုံတဲ့လမ်းကြောင်းမဟုတ်ပေမဲ့ အဲဒီ ကနေပဲ စတင်လုပ်ဆောင်ရပါလိမ့်မယ်။ သေနတ်သံတွေရပ်စဲလိုက်ပါ။ ငြိမ်းချမ်း ဖို့အတွက် အခွင့်အရေးပေးလိုက်ပါ။ ကျွန်ုပ်တို့ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ ပြည် ထောင်စုသွေးချင်းအကြားမှာပဲ ဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံဆိုတာ ကျွန်ုပ်တို့ ရဲ့မိသားစုပါ။ ကောင်းကျိုးချမ်းသာခံစားရတဲ့မိသားစုဖြစ်ဖို့ ကျွန်ုပ်တို့အချင်းချင်း ငြိမ်းချမ်း ရေးလက်ဆောင်ပေးရပါလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး တို့ဟာ ဒီနိုင်ငံကို စောင့်မျှော်နေပါတယ်။ အမုန်းတရားတွေနဲ့ စစ်ပွဲတွေကို ရပ်တန့်ကြပါ။
à တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဟာ ဧရာဝတီမြစ်လို စီးဆင်းနေပါစေ။ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖက်ဒရယ်စနစ်ကြောင့် လူ့အသိုင်းအဝိုင်းအကြား ယုံကြည်မှု တည်ဆောက်နိုင်ကြပါစေ။ပွင့်လင်းမြင်သာမှုရှိကြပါစေ။ အတူတကွပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အစိုးရက ဖော်ဆောင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ဒဏ်ရာတွေပြန်ကောင်းလာပါလိမ့်မယ်။ ပဋိပက္ခတွေဟာလည်း အတိတ်သမိုင်း မှာပဲ ကျန်ခဲ့ပါလိမ့်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက သေနတ်သံ တွေကို ရပ်စဲနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက်ကိုပဲ ကြိုးစားတိုက်ပွဲဝင်ကြပါ။ ကျွန်ုပ်တို့အတွက် တပ်မတော်တစ်ခုရှိရင် လုံလောက်ပါပြီ။ အဲဒီတပ်မတော် ဟာ လည်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့တပ်မတော်ဖြစ်ရပါလိမ့်မယ်။
à မြန်မာပြည်စောင့်စားခဲ့ရတဲ့နှစ်တွေကြာညောင်းလှပါပြီ။ ရွှေနိုင်ငံဖြစ်အောင် ပြန် လည်ကြိုးပမ်းကြပါစို့။
ငြိမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။
ငြိမ်းချမ်းရေးသာ တစ်ခုတည်းသောထွက်ပေါက်ပါ။
လွတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်တွေနဲ့အတူ
ကျွန်ုပ်ရဲ့တိုင်းပြည်နိုးကြားထြွကနိုင်ပါစေ။
ကာဒီနယ် ချားလ်စ်ဘို SDB


2019-07-02 23:53:00
NEWS AND EVENTS