Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မွန်ဆီညော် မာကုတင်ဝင်း၏ မန္တလေးကက်သလစ် ခရစ်ယာန်သာသနာပိုင်
ဂိုဏ်းချုပ်ဆရာတော် သိက္ခာတင်ခြင်း နှင့် ပလ္လင်အပ်နှင်းခြင်း

    မွန်ဆီညော် မာကုတင်ဝင်း၏ မန္တ လေးကက်သလစ် ခရစ်ယာန်သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်းဖွင့်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၂) ရက်နေ့ ညနေ (၅း၀၀)နာရီက ပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင် ရာဗာတီကန် သံအမတ်ကြီး ပေါလ်ချန်အင် နန်၊ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချာလ်စ်းဘို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဦးဇော်မြင့်မောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာပြည်သာသနာ(၁၆) ခုမှ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ အပါး (၃၀၀) ကျော်၊ သီလရှင်များ၊ ကိုရင် များ၊ မိဘဆွေမျိုးများနှင့်၊ ဘာသာအသီးမှ ဓမ္မမိတ်ဆွေများ ကက်သီဒြယ်ကျောင်းဝင်း ကွင်းပြည့်ကွင်းလျံပါဝင် တက်ရောက်ခဲ့ပါ တယ်။
    ဖွင့်ပွဲ အခမ်းအနားအား ဆရာ တော်ကြီး နီကောလာစ်းမန်ထန်း၊ ကာဒီ နယ်ချားလ်စ်ဘိုနှင့် ဝန်ကြီးချုပ်မှ စက်ခ လုတ်နှိပ် ဖွင့်လှစ်ခဲ့ပါသည်။
    ဆရာတော်ကြီး နီကောလာစ်းမန် ထန်း၊ ကာဒီနယ်ချားစ်လ်ဘိုတို့မှ ကြိုဆိုနှုတ် ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။
မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှလည်းမုဒိတာစကားကိုပြောကြားရာ၌ “ ယေရှုဘု ရားရှင်ရဲ့ မေတ္တာတော်အားလုံးဟာ ကြွ ရောက်လာသူ ဧည့်သည်အားလုံးအပေါ် သက်ရောက်စေရန် ပထမဦးစွာ ဆုမွန် ကောင်း တောင်းပေးခဲ့ပါသည်။ ကမ္ဘာကြီး ဟာ ရုပ်ပိုင်းဆိုင်ရာအရ တိုးတတ်နေပါ တယ်။ ကျွန်တော်တို့စိတ်ကူးဥာဏ်ရှိရင်ရှိသလောက်တီထွင်မှုတွေရှိနေပါတယ်။ သိပ္ပံ ပညာအများကြီး တိုးတတ်နေတယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်နေ ရပါတယ်။ ယခုလိုပြောကြားခဲ့ပါတယ်။ ဒါ ပေမဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခု တည်းနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်တည် ဆောက်လို့မရပါဘူး၊ ဖွံ့ဖြိုးအောင် လုပ်လို့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လည်းအများကြီးလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဘာသာအသီးသီး ကဆရာတော်များက တာဝန်ယူပြီး ဆောင် ရွက်နေတာဖြစ်တဲ့အတွက် တစ်နည်းပြော ရရင် မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ကျွန်တော် တို့ နေထိုင်တဲ့ ပတ်ဝန်းကျင် ငြိမ်းချမ်းဖို့ဆို တာ ဆရာတော်များရဲ့တာဝန် လုံးလုံးလျား လျား ဖြစ်နေတယ်လို့ ကျနော် ယုံကြည်ထား ပါတယ်။ ကျနော်တို့ ရုပ်ပိုင်းဆိုင်ရာတိုး တက်မှုဟာကျနော်တို့အတွက် ဘယ်လိုမှ ခံစားမှု ရကောင်းရလာနိုင်ပေမယ့် အသီး သီးဘက်က ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘက်ကရင်တွင်းမှာ ငြိမ်းချမ်းမှုမေတ္တာထားနိုင်မှု ၊ စာနာနိုင်မှု ၊ ကရုဏာထားနိုင်မှုတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အား လုံးပေါ်မှာမူတည်ပါတယ်’’ ဟုပြော ကြားခဲ့ပါသည်။
    အဲ့ဒီနောက်  ဆရာတော်ကြီးများ နှင့် ဝန်ကြီးချုပ်အား အလှူရှင်များကလက် ဆောင်ပနာများလှူဒါန်းခဲ့ကြပြီးနောက် မြန် မာရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ပြီးအခမ်းအနားပြီးဆုံးခဲ့ပါတယ် ။
    ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်း တွင် ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်အပ်နှင်းခြင်းမစ္ဆားတရားကိုကာဒီနယ်ချားစ်ဘိုမှ ဦးဆောင်ခဲ့ပါသည်။
    မစ္ဆားတရားအတွင်း ကာဒီနယ်မှ ယခုလို သြဝါဒ တရားရေအေး တိုက်ကျွေး ရာ၌  သင့်ကိုသင် ယုံကြည်တာထက် သခင် ယေဇူးကို သင့်ကို ပိုပြီးယုံကြည်စိတ်ချပါ တယ်။ သင့်ကိုကိုယ် ချစ်တာထက် သခင် ယေဇူးက သင့်ကိုပိုချစ်ပါတယ်။ သင့်ဘဝ ခရီးစဉ်မှာ သခင်ဘုရားကိုရှာဖွေပါ။ အရှင် သခင်က သင့်ကိုစောင့်နေပါတယ်။ သင့်ရဲ့ လမ်းညွှန် ပုဂ္ဂိုလ်ဟာ သာမန်လူသားတစ် ယောက်မဟုတ်ပါဘူး။ သခင်ယေဇူးအရှင် မြတ်ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ကြောင်း သြဝါဒ တရားရေအေးတိုက်ကျွေးခဲ့ ပါ သည်။
    သြဝါဒ တရားရေအေး တိုက်ကျွေး ပြီးနောက် ဆရာတော် သိက္ခာတင်အစီအ စဉ်ကို စတင်ရာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ မွန်ဆီညော် မာကုတင်ဝင်း အား မန္တလေးကက်သလစ်သာသနာဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ကြောင်းပေးပို့လာသောစာချွန်တော်အားဘာသာစကားသုံးမျိုးဖြင့် ဖတ်ကြားခဲ့ပါတယ်။
    အဲ့ဒီနောက် ဆရာတော် သိက္ခာ တင်ခြင်းအခမ်းအနားကို ဆက်လက်လုပ် ဆောင်ကာ ဆရာတော်တစ်ပါး၏ အဆောင် အယောင်များကိုပေးအပ်ခဲ့ပါသည်။
    ဆရာတော်သစ် မာကုတင်ဝင်း သည် ဘာသာတူများအား လှည့်လည် ကောင်းချီးပေးခဲ့ပြီးနောက် မစ္ဆားတရားကိုဆက်လက်ပူဇော်ခဲ့ပါသည်။
အဲ့ဒီနောက် မြန်မာနိုင်ငံဆိုင်ရာဗာတီကန်သံအမတ် ပေါလ်ချန်အင်နန်မှ ပုပ်ရဟန်း မင်းကြီးကိုယ်စား အနားယူသွားကြသော ဆရာတော်ကြီးများအား ကျေးဇူးတင် ကြောင်းနှင့် ယခု ဆရာတော်အသစ်အား ကြိုဆို ဂုဏ်ပြုရင်း မန္တလေးသာသနာ အ တွက် ဝမ်းသာဂုဏ်ယူကြောင်းကို မြွက် ကြားတော်မူခဲ့ပါတယ်။
    သီတဂူ ဆရာတော်ကြီးမှ လည်း ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။
    ဆရာတော်အသစ်မှ ကျေးဇူးတင် ကားပြောကြားရာ၌ “ပွဲတော် ဖြစ်မြောက် ရေးအတွက် အဘက်ဘက်မှ လုပ်အားဖြင့် သော်လည်းကောင်း၊ ငွေကြေး ဖြင့်သော် လည်းကောင်း ၊ ကူညီဆောင် ရွက်ကြသူများ အားလုံးအား ကျေးဇူး အထူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆရာတော် မာကုတင်ဝင်းသည် အမိသာသနာတော်၏ သာသနာပိုင်အရှင် သူမြတ်နှင့် သာသနာတော်၏ သွန်သင်ရာ များနှင့် အုပ်ချုပ်လမ်းညွှန်စီမံရာများကို တ သွေမတိမ်း နားထောင်လိုက်နာမည့်အ ကြောင်း၊  မန္တလေးကက်သလစ် သာသနာမှ ဘုန်းတော်ကြီးများ၊ကိုရင်များ  ၊သီလရှင်များ နှင့် ဘုရာသားသမီး ဘာသာဝင်ကြီးငယ် အပေါင်းတို့အားလည်း ဆရာတော်ကသာ သနာပိုင်တစ်ပါးအနေနဲ့ ဘာသာယုံကြည် ရာများနှင့် ကိုယ်ကျင့်တရားများကိုသင်ကြား တဲ့အခါ၊ ဘုရားရှင်၏ လူမျိုးတော်ကြီးသန့် ရှင်းစင်ကြယ်ဖို့၊ ပညာသမာဓိနှင့် သင်ကြား တဲ့အခါ၊ စီမံခန့်ခွဲထိန်းသိမ်းအုပ်ချုပ်တဲ့အခါ၌ မန္တလေးကက်သလစ် သာသနာရှိ အား လုံးသော ဘာသာဝင်များက ဆရာတော်၏ စကားကို နားထောင်ကြဖို့ရန်အတွက် ” ဆရာတော်အသစ်က တောင်းဆိုခဲ့ပါသည်။
    အဲ့ဒီနောက် မစ္ဆားတရားပြီးဆုံးခဲ့ ပြီးဆရာတော်သစ်၏ ကောင်းချီးဖြင့် အဆုံး သတ်ခဲ့ပါသည်။
    မစ္ဆားတရား ပြီးသည့်နောက်ဆရာ တော်သစ်အား ဂုဏ်ပြုနှုတ်ဆက်ခြင်း အ ခမ်းအနားကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါ သည်။ မန္တလေး သာသနာအတွင်းရှိ ဇုံအ လိုက် လက်ဆောင်ပဏ္ဍများဖြင့် နှုတ်ဆက် ကြခြင်း၊ ကချင်မိသားစုမှလည်းကချင်ရိုးရာများဖြင့် နှုတ်ဆက်ကြခြင်း ၊အခြားသောသာ သနာမှ အဖွဲ့အစည်းအချို့မှလည်းလက် ဆောင်ပဏ္ဍာများ ဆက်သခဲ့ကြပါသည်။
    ယခုလို မန္တလေး ကက်သလစ် သာသနာ ဘုန်းတော်ကြီးများထဲမှ ဆရာ တော်တစ်ပါးရရှိရန်အတွက် ဟားခါးသာသ နာမှ ဆရာတော်ကြီးနီကောလာစ်းမန်ထန်းမန်ထန်း မန္တလေးသာသနာသို့ ဆရာတော် အဖြစ်စတင်ရောက်ရှိ တာဝန်ယူစဉ် က တည်းကစ၍  ဆရာတော် အနားမယူခင် မန္တလေးသာသနာထဲမှ ဆရာတော် တစ်ပါး ရရှိရန်အတွက် အစွမ်းကုန် ကြိုးစားသွား မည်ဟု ကြွေးကြော်ခဲ့သည့်အတိုင်း ယခု ဆရာတော်ကြီးသက်တော် (၇၆) နှစ်ပြည့် အနားယူချိန်၌ မန္တလေးသာသနာဘုန်းတော် ကြီးထဲမှ ဆရာတော်တစ်ပါး ရရှိခဲ့ခြင်းဖြစ် ပါတယ်။
    မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာအတွက် ယခုလိုပွဲ ကျင်းပသည်မှာ လည်း နှစ်ပေါင်း(၃၀)ခန့် ကြာပြီးမှ ပြန် လည်ကျင်းပသည့်ပွဲဖြစ်ပါတယ်။ မန္တလေး ကက်သလစ် သာသနာမှ ဆရာတော်ကြီး အေဦးသန်းအောင် အနားယူပြီးနောက် (၁၇) နှစ်ကြာပြီးမှ ယခု မန္တလေး ကက်သ လစ်သာသနာ ဘုန်းတော်ကြီးများထဲမှဆရာ တော်တစ်ပါး ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီး မာကုတင်ဝင်း သည် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာ သနာအတွက် (၇) ပါးမြောက် ဂိုဏ်းချုပ် ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ ဆရာ တော်ကြီးသည် စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်၊ မုံလှစံပြကျေးရွာ ဇာတိဖြစ်ပါ သည်။ ခမည်းတော် ပေါလုဦးစိန်မောင်နှင့် မယ်တော် ဖရန်စ္စကားဒေါ်သန်းတင်တို့မှ ၁၉၆၀ ခုနှစ် ၊ ဧပြီလ (၂၂) ရက်နေ့တွင် မွေး ဖွားသန့်စင်ခဲ့ပြီး ညီအစ်ကို မောင်နှမ ငါး ယောက်တွင် ဒုတိယသားရတနာ ဖြစ်ပါ သည်။
Pinky ( MDY-OSC / RVA Myanmar)


2019-07-02 23:57:18
NEWS AND EVENTS