Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တတိယအကြိမ်မြောက် သာသနာပြုလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

    မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများရုံး  CBCM-PMS ကြီးမှူး၍ တတိယအကြိမ်မြောက် သာသနာ ပြုလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ဖယ်ခုံဂိုဏ်းအုပ်သာသနာ ဆ ရာတော်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
    ဆွေးနွေပွဲကို ဖယ်ခုံ ဂိုဏ်းအုပ် ဆရာတော်ကြီး Bp. Peter Hla မှ ရဟန်း တော် ၂၇ ပါးနှင့်အတူ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းဖြင့် အစပြု ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာ သော ရဟန်းတော်များ၊ သီလရှင်များ၊ တာ ဝန်ခံများ အားလုံးကို မြန်မာပြည် ရဟန်း မင်းကြီးဆိုင်ရာ သာသနာပြုအသင်း များရုံး ၏ ဒါရိုက်တာ Fr. Bernardino Ne Ne မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပြီး ဆရာတော်ကြီး Bp. Peter Hla မှ လမ်းညွှန် အမှာစကား ဖြည့်စွက်ပြောကြား ခဲ့ပါသည်။
    Fr. Bosco Saw Lar Htoo မှ “ဓမ္မဟောင်းကို အခြေခံ၍ ငြိမ်းချမ်းရေး ပျက်ပြားရခြင်း အကြောင်းကို လေ့လာခြင်း”   နှင့် “ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်သူ ခရစ်တော်ရှင် အကြောင်း လေ့လာခြင်း”  ခေါင်းစဉ်များဖြင့် လည်းကောင်း၊ Fr. Maurice Nyunt Wai မှ “သင်သည် သာသနာပြု နေသော သာသနာတော်ကြီး ဖြစ်၏” ခေါင်း စဉ်ဖြင့်လည်းကောင်း၊ Fr. Bernardino Ne Ne  မှ “ရဟန်းမင်းကြီးဆိုင် ရာ သာသနာပြု အသင်းများအကြောင်း သိကောင်းစရာ”များ ကို လည်းကောင်း အသီးသီး ပို့ချ ဆွေးနွေး ခဲ့ကြသည်။
“ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့၊ ငြိမ်းချမ်းတဲ့ သာသ နာတော်၊ ငြိမ်းချမ်းတဲ့ နိုင်ငံတော်တည် ဆောက်ဖို့ ဆိုရင် အဲ့ဒီအဖြေက အဝေးကြီး သွားကြည့် စရာမလိုဘူး။ ကျမ်းစာအဖြေကို ကြည့်ပြီးမှ ကျွန်တော်တို့ ကောက်ချက်ချနိုင် တာက အဖြေက ကျမ်းစာထဲမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျမ်းစာဆိုတာက ဘုရားရဲ့ နှုတ်ကပါတ်တော်လေ။”  ဟုဘုန်း တော်ကြီး ပေါလ်သက်ခိုင်က သင်တန်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြောသည်။
    ထို့အပြင် လူသားများ၏ ဖြစ်ပျက် မှုဘဝပုံရိပ်များ၊ နောင်လာမည့် အနာဂတ် နှင့် လက်ရှိပစ္စုပ္ပန်ကာလအတွက် ငြိမ်းချမ်း ရေးတည်ဆောက်ရန် အဖြေသည် ကျမ်းစာ ထဲတွင် ရှိပြီးဖြစ်ကြောင်း ၎င်းက မိန့်ကြား သည်။
    ဆွေးနွေးပွဲတွင် တောင်ကြီးဂိုဏ်း ချုပ်သာသနာ၊ ကျိုင်းတုံဂိုဏ်းအုပ်သာသနာ၊ ပြည်ဂိုဏ်းအုပ်သာသနာများမှ သာသနာပြု ကလေးသူငယ်များ အသင်း၏ လှုပ်ရှားမှု များကို တင်ပြဆွေးနွေးခဲ့ကြပြီး PMS ရုံးမှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေး သူငယ်များ အသင်းအကြောင်းနှင့် PMS ရုံး၏တစ်နှစ်တာ လုပ်ငန်းပြီးစီးမှု အခြေအ နေများကို တင်ပြဆွေးနွေးခဲ့သည်။
    ဆွေးနွေးပွဲသို့ ဂိုဏ်းချုပ်/ဂိုဏ်း အုပ် သာသနာများမှ ရဟန်းတော် ၃၉ ပါး၊ သီလရှင် ၂၉ ပါး၊ ဘာသာတူ တာဝန်ခံ ၄၂ ဦး စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ နေထိုင်ရေး၊ စားသောက်ရေး၊ သွားရေးလာရေးများနှင့် အခြားလိုအပ်သော အရာများကို ဖယ်ခုံ သာသနာလုံးဆိုင်ရာ PMS Director Fr. Bosco၊ ဖယ်ခုံဂိုဏ်းအုပ် သာသနာမှ ရဟန်းတော်များ၊ သီးလရှင်များ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် ဘာသာ သူများကကူညီဆောင်ရွက်ပေးခဲ့ ကြသည်။
CBCM - PMS


2018-11-12 03:34:53
NEWS AND EVENTS