Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာပြည်ကက်သလစ်အသင်းတော်အတွက် ရဟန်းအသစ်ကိုးပါးထပ်မံရရှိခြင်း

    ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့ နံနက် (၈းဝဝ) နာရီကစိန်မေရီ ကက်သီဒြယ် ဘုရားကျောင်းတော်ကြီး၌ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ခြောက်ပါးနှင့် ယေဇူး၏အသင်းဂိုဏ်းမှ သုံး ပါးတို့သည် ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးကာဒီနယ် ချားလ်စ်ဘိုလက် တော်မှ ဦးပဥ္စင်းကြီးကိုးပါသည် ထာဝရရ ဟန်း သိက္ခာခံယူခြင်း မစ္ဆားတရားတော် မြတ်ကိုကျင်းပခဲ့ပါသည်။
    သိက္ခာတင်အခမ်းအနားသို့ ဆရာ တော်ကြီးလေးပါး၊ ယေဇူး၏ အသင်းဂိုဏ်းအကြီးအကဲဘုန်းတော်ကြီး၊ ရန်ကုန်သာသ နာမှ ဘုန်းတော်ကြီးများ၊ အသင်းဂိုဏ်းအ သီးသီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ ၊ ကိုရင်များ၊ မိဘဆွေမျိုးများနှင့် ဘာသာတူ ဓမ္မ မိတ်ဆွေများသည် ကာသီဒြယ်ကျောင်း ဝင်းအပြည့်အလျံ ပါဝင် တက်ရောက်ခဲ့ပါ သည်။
    သိက္ခာတင် အခမ်းအနား၌ ကာဒီ နယ်ချားလ်စ်ဘိုမှ သိက္ခာခံယူမည့် ဦးပဥ္စင်း ကြီးများ၊ နောက်ဖြစ်လာမည့် ရဟန်းတော် များနှင့် ယခုလက်ရှိ ရဟန်းတော်များအား လုံးအတွက် ရဟန်းတစ်ပါး နေထိုင်ရမည့် ဘဝအသက်တာအကြောင်းကို သြဝါဒတ ရားရေအေးတိုက်ကျွေးရာ၌ “ရဟန်းတော် များဟာမိမိတို့ရဲ့ ဘာသာဝင်သိုးများကို သစ္စာရှိရှိ၊ အကျိုးရှိရှိအစေခံရန်လိုကြောင်း၊ ရဟန်းတစ်ပါးရဲ့ ခွန်အားနဲ့အစွမ်းဟာသခင် ယေဇူးနဲ့ ဆက်နွယ်မှုပေါ်မှာ မူတည်နေ ကြောင်း၊ နေ့စဉ်သခင်ဘုရားကို လေးလေး နက်နက်နဲ့ဆာငတ်ခြင်းဟာ ရဟန်းတစ်းပါး ရဲ့ ခေါ်တော်မူခြင်းကြောင်း၊ ရဟန်းမင်းကြီး က ရဟန်းဘုန်းတော်ကြီးတွေ ညအချိန်အိပ် ယာမဝင်ခင် ကိုယ့်ရဲ့တစ်နေ့တာ အဆုံး သတ်ဟာ အွန်လိုင်းပေါ်မှာပဲ အဆုံးသတ် နေသလား၊ ဘုရားသခင်နဲ့ အဆုံးသတ်သ လားဟု မေးထားကြောင်း၊ သခင်ယေဇူးနဲ့ အနီးကပ် နီးနီးကပ်ကပ်ရှိဖို့ ပြောကြား ကြောင်း၊ သခင်ဘုရားနဲ့ လန်းလန်းဆန်း ဆန်းဆက်နွယ်နေတဲ့ ရဟန်းတစ်ပါးဟာ သခင်ဘုရားမြင်သလို မြင်နိုင်ကြောင်း၊ သ ခင်ဘုရားချစ်သလို ချစ်နိုင်မည့်အကြောင်း၊ ထိုသို့ဖြစ်နိုင်ရန်အတွက်  သခင်ယေဇူးနဲ့အ တူ ဆုတောင်းခြင်းနဲ့ ရင်းနှီးမှုမှာဖြစ်လာနိုင်သည့်အကြောင်းကိုမြွက်ကြားခဲ့ပါသည်။
    ဆက်လက်ပြီးလည်း ကာဒီနယ် ချားလ်စ်ဘိုမှ ရဟန်းတစ်ပါးဟာသိုးထိန်းအစစ်ဖြစ်ဖို့ရန် လိုအပ်သည့်အရာမှာ စီမံခန့်ခွဲ တာထက်  အပြင်လောကထဲသို့ ကိုယ်တိုင် သွားပြီးလူတွေနဲ့ မိမိတို့သိုးတွေနဲ့ တိုက် ရိုက်ထိတွေ့ဖို့လိုကြောင်း၊ အထူးသဖြင့် ပျောက်ဆုံးနေတဲ့၊ ဝေးလံနေတဲ့သိုးတွေဆီ ကို သွားဖို့ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီးလည်း ရဟန်းတစ် ပါးဟာ ရုံးခန်းထဲ၌ ထိုင်နေပြီး ကွန်ပျူတာပဲ ကိုင်နေသည့် ရဟန်းတစ်ပါးဟာတကယ့်သိုးထိန်းဖြစ်မလားဟုလည်း ပြောကြားခဲ့ပါ သည်။ ရဟန်းတစ်ပါးရဲ့ သြဇာအာဏာ သည်ထိုရဟန်း၏ အစေခံအမှုထမ်းမှုပေါ်မှာမူတည်နေကြောင်း၊ အဆင်းရဲဆုံးသူများ၊ ခွန်အားအချိဆုံးသူများ၊ အရေးမကြီးဆုံးသူ များ၊ အမေ့ခံပုဂ္ဂိုလ်များ၊ အဆင်းရဲဆုံး ပုဂ္ဂိုလ်များအား ဂရုစိုက်ပေးခြင်း၊ ကာကွယ် ပေးခြင်းများသည်သာ ရဟန်းတစ်ပါး၏ ဂုဏ်သိက္ခာ ဖြစ်သည့်အကြောင်းကို မြွက် ကြားခဲ့ပါသည်။
    ဆက်လက်ပြီးလည်း ရဟန်းတစ် ပါး ဟာ မိမိရဲ့  သက်သောင့်သက်သာအချိန်နဲ့ နေရာကိုတွေကိုကျော်လွှားပြီးအဆင်းရဲဆုံးသူများ၊ ဘေးဖယ်ခံရသူများ၊ ပထုတ်ခံရသူများကိုအရေးပေးနိုင်ကြသည့် ရဟန်းတော်များဖြစ်ဖို့ရန်လိုအပ်ကြောင်းများကို သိက္ခာ တင်အခမ်းအနား၌ သြဝါဒတရားပေးရင်း တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ”
    အဲ့ဒီနောက် သိက္ခာတင်အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပြီး ရန်ကုန်ဂိုဏ်း ချုပ်သာသနာမှ ဦးပဥ္စင်းကြီး Peter Selvamသိန်းစိုး၊ ဦးပဥ္စင်းကြီး Philip Kulenthe Than Tint ၊ ဦးပဥ္စင်းကြီးRafealထွန်းထွန်း၊ ဦးပဥ္စင်းကြိီး Sylvester သာဆူး၊ ဦးပဥ္စင်းကြီး John ဇော်မင်းထွန်း၊ ဦးပဥ္စင်းကြီး  Paulလင်း ထွဋ်တို့နှင့် ယေဇူး၏ အသင်းဂိုဏ်းဝင်များ ဖြစ်သော ဦးပဥ္စင်းကြီး Cyril နေမျိုးထက် (SJ) ၊ ဦးပဥ္စင်းကြီး Pius သန်းနိုင်လင်း(SJ)  ၊ဦးပဥ္စင်းကြီး Joseph ဇော်ဂွန်း (SJ) တို့ ကိုး ပါးသည် ထာဝရ ရဟန်းတော်များအဖြစ်သို့ ရောက်ရှိခဲ့ကြပြီး သိက္ခာတင်အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Photo & News: Pinky(Mdy-Osc)


2019-10-04 00:00:32
NEWS AND EVENTS