Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တောင်ကြီးစိန်မိုင်ကယ်ရဟန်းဖြစ်သင်ကျောင်း (၂၀၁၉-၂၀၂၀)ခုနှစ် ပညာသင်နှစ်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ရှုခင်းသာလမ်း တွင် တည်ရှိသော စိန်မိုင်ကယ်ရဟန်းဖြစ် သင်ကျောင်း၏ (၂၀၁၉-၂၀၂၀) ခုနှစ် ပညာ သင်နှစ်သို့ တက်ရောက်ရန်အတွက် သာ သနာအသီးသီးမှ ကိုရင်ရဟန်းလောင်းများ သည် (၂၀၁၉)ခုနှစ် မေလ (၂၅) ရက်နေ့ တွင် ရောက်ရှိလာကြပါသည်။ မေလ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျောင်း ဆောင်သန့်ရှင်းရေးများကိုလုပ်ဆောင်ပြီး၊ မေလ (၃၀)ရက်နေ့မှ ဂျွန်လ (၁) ရက်နေ့ အထိ General Introduction ကိုစတင်ပါ သည်။
    ရဟန်းဖြစ်သင်ကျောင်း၏ Residental Professors များမှာ Fr.Callistus Saw Eh Mwee (Rector), Fr.Gregory Thai Hla(Disciplianarian)နှင့် Fr.Christopher Raj (Spiritual Director) တို့ဖြစ် ကြပါသည်။
    ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တက် ရောက်သော ရဟန်းလောင်းများမှာ စုစု ပေါင်း (၂၉)ပါးဖြစ်ပြီး၊ ရန်ကုန်ဂိုဏ်းချုပ်သာ သနာမှ (၂)ပါး၊ မန္တလေးဂိုဏ်းချုပ်သာသနာမှ (၂)ပါး၊ ကျိုင်းတုံ ဂိုဏ်းအုပ်သာသနာမှ (၃)ပါး၊ ကလေးဂိုဏ်းအုပ်သာသနာမှ (၉) ပါး၊ မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာမှ (၆)ပါး၊ လွိုင်ကော် ဂိုဏ်းအုပ်သာသနာမှ (၁) ပါး၊ တောင်ငူဂိုဏ်းအုပ်သာသနာမှ (၁) ပါး၊ ဖယ် ခုံဂိုဏ်းအုပ်သာသနာမှ (၁)ပါး၊ မော်လမြိုင် ဂိုဏ်းအုပ်သာသနာမှ (၁) ပါး၊ လားရှိုးဂိုဏ်း အုပ်သာသနာမှ(၁)ပါးနှင့် Little Way Missionary of St.Threse မှ (၂)ပါးတို့ဖြစ် ကြသည်။
    ရဟန်းလောင်းကျောင်းသားများအား Visiting professors များမှာ PIMI ဘုန်း တော်ကြီးများနှင့် သီလရှင်များလာရောက် သွန်သင်ပေးပါသည်။ (June (2-8) အထိ Fr. Robert (PIME) Opening retreat ၊ Fr.Barnabas (PIME)  မှ June (10-14) ထိ Lectio Divina၊ June (17-21)ထိ Prayers of the Psalms၊ Fr. Patrick မှ June (24-28) ထိ Introduction Process Discernment ၊ Fr. Gianni Criveller မှ July (1-12) ထိ The Ordinated Ministry in the Church Today  စသဖြင့် အသီးသီး သွန်သင်ပို့ချပေးခဲ့ကြသည်။
    Fr. Franco Bellati (PIME) မှ ဇူလိုင် (၁၅ မှ ၁၆ ထိ) Spirituality and Catechism of CC ကိုလည်းကောင်း၊ Fr. Alberto Caccro (PIME) မှ  (ဇူလိုင်၂၉ မှ သြဂုတ် ၉ ထိ) Mystery of Christ ကို လည်းကောင်း၊ Sr. Lucia Heinpai (Francis) မှ ( သြဂုတ် ၁၂ - ၁၆ ထိ) Psycho – Spiritual  Integration -1 ကိုလည်းကောင်း၊ Fr. Enrico Fidanza (PIME) မှ (သြဂုတ် ၁၉ - ၂၃ ထိ) Psycho – Spiritual Integra tion-2 ကိုလည်းကောင်း၊ ပို့ချပေးခဲ့ကြ သည်။ ထို့ပြင် Fr. Maurizio Arioldi (PIME) မှ ( သြဂုတ် ၂၆ မှ စက်တင်ဘာ ၆ ထိ) Eucharist ကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ Sr. Maria Goreti (Charity) က (စက်တင်ဘာ ၉-၁၃ ထိ) Psychological dynamics  ကိုလည်းကောင်း၊ Msgr. John Dale မှ ( အောက်တိုဘာ ၃-၈ ထိ ) Retreat ကိုပို့ချ မည်ဖြစ်ပြီး Dr. Valeria Spelta (Italy) မှ (နိုဝင်ဘာ  ၄-၁၅ ထိ) Critical Thinking ကို လာရောက်ပို့ချ သင်ကြားပေးသွားမည် ဖြစ်သည်။
    Second Semester အတွက် Fr.Enrico (PIME) မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းသင်ကြားသွားမည်ဖြစ်ပြီး Fr. Callistus  မှ “ Growing in the Chirst : Basic Principles of Spirituality” ကိုလည်း ကောင်း၊ Fr.Gregory မှ “ History of Spirituality of Catholic Tradition” ကိုသင် ကြားပေးမည်ဖြစ်ပြီး Fr. Christopher မှ “Spiritual Theology , Prayer” ကိုသင် ကြားပေးသွားကြမည်ဖြစ်သည်။
    ၂၀၂၀ ခုနှစ် ဖေဖောဝါရီလတွင် Bishop John Saw Yaw Han မှ Final Retreat ကိုလာရောက် ဦးဆောင်ပေးမည် ဖြစ်ကြောင်းသိရသည်။
    ကိုရင်၊ ရဟန်းလောင်းများ စား သောက်ရေးအတွက် ဆက်ကပ်၍ ဦးဆောင် လုပ်ပေးနေသောသီလရှင်များမှာ Sr. Valentina Berty (SFX) နှင့် Sr. Cecilia Assumpta Ma Aye (SFX) တို့ဖြစ်ကြပါသည်။
                 Taunggyi-OCS   


2019-10-30 23:26:12
NEWS AND EVENTS