Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဖါသာရ် လုကာ့စ် ဒေါင်ဇယ် (SDB) အား လားရှိုးဂိုဏ်းအုပ် သာသနာ၏ အရိုက်အရာ ဆက်ခံခွင့်ရှိသော ဆရာတော်အဖြစ် ခန့်အပ်

    ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဆလေးရှင်းအသင်းဂိုဏ်းဝင် ဖါသာလုကာ့စ် ဂျင်ဖေါက် ဒေါင်ဇယ်အား မြန်မာပြည် လားရှိုးဂိုဏ်းအုပ်သာသနာ၏ အရိုက်အရာ ဆက်ခံ ခွင့်ရှိသော ဆရာတော် (Coadjutor Bishop) အဖြစ် ခန့်အပ်ကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
    ဖါသာလုကာ့စ်အား ၁၉၆၂ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင် လားရှိုးသာသ နာအတွင်းရှိ ကျောက်မဲမြို့နယ် ဖါဖိန့်ကျေးရွာ၌ ဖွါးမြင်ခဲ့သည်။
    ဖာဖိန့်ရွာ၊ ကျောကိမဲမြို့နှင့် အနီးစခန်းတွင် အခြေခံအတန်းပညာများ ဆည်းပူး ခဲ့သည်။ ရန်ကုန် အဝေးသင်တက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ အတယ်နေအို တက္ကသိုလ်တွင် မိသားစု တမန်တော်လုပ်ငန်း ဒီပလိုမာ ကိုလည်းကောင်း အာရှ လူမှုရေးရာ ကျောင်းတော်ကြီးမှ သိုးထိန်းလုပ်ငန်းဆိုင်ရာ လူမှု ရေး ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာ ဘွဲ့ ကိုလည်းကောင်း ရရှိခဲ့သည်။
    ၁၉၇၉ ခုနှစ်တွင် နာဇရက် ဆလေးရှင်း ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆလေးရှင်း ကိုရင် တစ်ပါး အဖြစ် ပထမ သစ္စာခံယူခဲ့သည်။
၁၉၉၆ ခု ဧပြီလ ၂၁ ရက်နေ့တွင် ဆလေးရှင်း ရဟန်းတစ်ပါး အဖြစ် သိက္ခာခံယူခဲ့သည်။
    ရဟန်းတပါးအဖြစ် နာဇရက် ရဟန်းဖြစ်သင်ကျောင်းတွင် စည်းကမ်းထိန်း၊ ဘဏ္ဏာထိန်း၊ လက်ထောက်ကျောင်းအုပ်၊ ကျောင်းအုပ် အဖြစ် တာဝန်များ ထမ်းဆောင် ခဲ့သည်။
လာရှိုးသာသနာ 'ဝ' ပြည် သာသနာနယ်တွင် ၂၀၁၂ မှ ၂၀၁၇ အထိ သာသနာပြုခဲ့သည်။
    လက်ရှိတွင် ပြင်ဦးလွင်မြို့ ဆလေးရှင်း ဒဿနိကဗေဒ ရဟန်းဖြစ် သင်တန်း ကျောင်းတွင် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
CBCM - OSC


2019-11-05 03:09:10
NEWS AND EVENTS