Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ
ထုတ်ပြန်ချက် (တွေ့ရှိချက်များ ၁)

ကက်သလစ် အသင်းတော်သည် လူငယ်တမန်တော်လုပ်ငန်း လုပ်ဆောင်ရာတွင် နည်း လမ်းများ ကြွယ်ဝစွာ ရှိသော်လည်း ထိရောက်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိနေ ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လူငယ်တမန်တော်လုပ်ငန်း၏ သဘောသဘာဝကို လူ ငယ်များ ပြည့်ဝစွာ နားလည်သဘောပေါက်မှု မရှိခြင်း၊ စိတ်ဝင်စားမှုအားနည်းခြင်း၊ နိုင်ငံရေး၊ လူမှုစီးပွားရေး အခက်အခဲများက လူငယ် တမန်တော်လုပ်ငန်းတွင် လူငယ် များ၏ ပါဝင်နိုင်မှုအား  အဟန့်အတားဖြစ်စေခြင်းများကြောင့်  ဖြစ်ပါသည်။
အသင်းတော်သည် လူငယ်များအတွက် စီမံကိန်းများ၊ အစီအစဉ်များဖြင့် အားစိုက် လုပ်ဆောင်လျက်ရှိသော်လည်း လုံလောက်မှု မရှိသေးပါ။ ဘာသာတရား လက်ဆင့် ကမ်းသွန်သင်ပေးခြင်း၊ လက်တွေ့ကျသော ပညာရေးမြှင့်တင်ခြင်းများ တိုးမြှင့်လုပ် ဆောင်ရန်လိုအပ်သကဲ့သို့ လူကုန်ကူးခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မူးယစ်ဆေး သုံး စွဲခြင်းနှင့် မီဒီယာ၏ သားကောင်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးမှုနှင့် ကုသပေးမှု အစီ အစဉ်များ အားနည်းနေပါသေးသည်။
အသင်းတော်၏ ယုံကြည်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၊ ယုံကြည်ခြင်းနှင့် နီတိရေးရာ သွန်သင်ချက်များအားဖြင့် ပြည့်ဝစုံလင်သည်။ ယုံကြည်သူတိုင်းအတွက်၊ အထူးသဖြင့် လူငယ်တို့၏ ဝိညာဉ်ရေး ခိုင်မာစေရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများစွာရှိသည်။ သို့သော် လူငယ်များ၏ ဝိညာဉ်ရေး ဆာငတ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိ သောကြောင့် အသင်းတော်ကို စွန့်ခွာသည့် လူငယ်များ တိုးပွားလာလျက် ရှိသည်။
အသင်းတော်သည် လူတိုင်းအား ကယ်တင်ခြင်းဆီသို့ လက်တွဲခေါ်ဆောင်ရန်ဖြစ်သည်။ အသင်းတော်တွင် လူတိုင်းအတွက် နေရာရှိသည်။ သို့သော် သာသနာနယ်အချို့တွင် ဘုန်းတော်ကြီးနှင့် သာသနာ့ ခေါင်းဆောင်အချို့တို့သည် လူငယ်များအား ယုံယုံ ကြည် ကြည် နေရာပေးခြင်းမရှိပါ။
မြန်မာပြည် ကက်သလစ် အသင်းတော်တွင် ဘုန်းတော်ကြီးများ၊ ဘရာသာရ်၊ စစ္စတာ များ၊ ဓမ္မဆရာ/မများ နှင့် သာသနာ အကျိုးတော်ဆောင်များ အတိုင်းအတာတစ်ခုအထိ လုံလောက်စွာရှိနေသည်ဟု ဆိုနိုင်ပါသည်။ သို့သော် အကျင့်သီလဖြင့်ဖြစ်စေ၊ နည်း ပညာ ကျွမ်းကျင်မှုဖြင့် ဖြစ်စေ၊ ခေါင်းဆောင်မှုစွမ်းရည်ဖြင့်ဖြစ်စေ လူငယ်တာဝန်ခံများမှ လူငယ်များအား ဖေးမလက်တွဲခေါ်ယူမှု အားနည်းနေပါသေးသည်။ လူငယ်များအတွက် မားမားမတ်မတ် ရပ်တည်ပေးမည့် သူတော်စင် အသင်းဂိုဏ်းသော်လည်းကောင်း အသင်းတော်၏ ခေါင်းဆောင်သော်လည်းကောင်း ပေါ်လွင်စွာ မတွေ့ရသေးပါ။
အသင်းတော်တွင် စနစ်ကျသော စီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံ၊ ကျစ်လစ်ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများရှိသော်လည်း လူငယ်တမန်တော်လုပ်ငန်းဆိုင်ရာ ရှင်းလင်းပြတ် သားသော မူဝါဒ၊ စီမံခန့်ခွဲမှုနှင့် တာဝန်ခွဲဝေမှုတို့ ရှိရန်လိုအပ်နေပါသေးသည်။


2019-12-02 05:46:50
NEWS AND EVENTS