Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ
ထုတ်ပြန်ချက် (အကြံပြုချက်များ)

မြန်မာပြည် ကက်သလစ်အသင်းတော်မှ လူငယ်တမန်တော်လုပ်ငန်းဆိုင်ရာ စနစ် ကျသော မူဝါဒများ ချမှတ်ပြီး လူငယ်တာဝန်ခံများအား အရည်အသွေး မြှင့်တင်ပေးခြင်း၊ လူငယ်ရေးရာ စင်တာများအား သာသနာအလိုက် ဖွဲ့စည်းတည်ထောင်ပေးခြင်းများ ဆောင်ရွက်ပေးပါရန်။
လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများအား အခြားလုပ်ငန်းများနှင့် ပူးတွဲ တာဝန်ခန့်အပ်ခြင်း မရှိဘဲ လူငယ်တမန်တော်လုပ်ငန်း တစ်ခုတည်းကိုသာ တစိုက်မတ်မတ် ထမ်းဆောင် စေရန်။
လူငယ်များ ယုံကြည်ခြင်းခိုင်မာစေရန်၊ စိတ်ဓာတ်ရေးရာ ရင့်ကျက်သူများ ဖြစ်လာ စေရန်အတွက် ဘာသာတရား (သမ္မာကျမ်းစာ၊ ဘုရားစကား)ကို အသက်အရွယ်အလိုက် နည်းစနစ်မှန်ကန်စွာ သင်ကြားပို့ချပေးပါရန်။
အသင်းတော်၏ အသက်တာနှင့် လုပ်ငန်းစဉ်များတွင် လူငယ်များအား လက်ကမ်းကြိုဆို နေရာ ပေးပြီး လက်တွဲခေါ်ကာ လမ်းပြကူညီ သွန်သင်ပေးပါရန်။
သာသနာအချင်းချင်း လူငယ်မိတ်သဟာယအစီအစဉ်များကို အသင်းတော်မှ ဦးဆောင် ပြုလုပ်ပေးပါရန်။
လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်လျက် အောင်မြင်သော ဘာသာတူမိသားစုဘဝ ထူ ထောင်နိုင်ရေးအတွက် သွန်သင်လမ်းပြပေးပါရန်။
လူငယ်တာဝန်ခံ ဘုန်းတော်ကြီး၊ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် စစ္စတာများမှ လူ ငယ်များ၏ မိသားစုနှင့် ရင်းနှီးစွာဆက်ဆံလျက် ဝိညာဉ်ရေးလမ်းညွှန်ခြင်းဖြင့် လူငယ် များနှင့် မိဘများအကြား နားလည်မှုတည်ဆောက်ပေးကာ  လူငယ်များ၏ အသက်တာ ကို အဖော်ပြု လမ်းညွှန်ပေးပါရန်။
လူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများရှာဖွေကာ ဘွဲ့ဒီဂရီအပ် နှင်းသောသင်တန်း/ကျောင်းများ၊ သက်မွေးပညာသင်တန်း/ကျောင်းများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်း ရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ဖြင့် ဘဝရပ်တည်နိုင်အောင် လမ်းညွှန်ကူညီ ပေးပါရန်။
လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးအသိပညာမြှင့်တင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ ရပ် တည်ပေးခြင်းများဖြင့် ပံ့ပိုးကူညီပေးပါရန်။
မူးယစ်ဆေးဝါး၊ အရက်သေစာ၊ မီဒီယာနှင့် အင်တာနက် ဂိမ်းများ စွဲလန်းနေသော လူငယ်များအား ကုသပေးခြင်း၊ ထိုကဲ့သို့ စွဲလန်းမှုများ မဖြစ်စေရန် ကာကွယ်ပေးခြင်း အစီအစဉ်များအား အသင်းတော် ၏မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာတွင် ထည့်သွင်း လုပ်ဆောင်ပေးပါရန်။
လူငယ်တာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်ခေါင်းဆောင်များအကြား၊ လူငယ်ခေါင်း ဆောင် နှင့် လူငယ်များအကြား၊ ကျစ်လစ်ခိုင်မာသော ဆက်သွယ်ဆက်ဆံရေးနှင့် ဒိုင်ယာလော့ အားကောင်းစေရန်အတွက် အသင်းတော်မှ ပံ့ပိုးကူညီပေးပါရန်။


2019-12-02 08:16:12
NEWS AND EVENTS