Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အခက်အခဲ ဖြစ်နေချိန်တွင် လာရောက် နှစ်သိမ့် အားပေးခြင်းကို မည်သူမဆို လိုအပ်ကြောင်း

 မြန်မာ ကာဒီနယ်မှ မိန့်ကြား။

မြစ်ကြီးနားမြို့ ရေဘေး ဒုက္ခသည်များနှင့် IDP Camp များဆီသို့ သွားရောက်စဥ် Charles Cardinal Bo မှ “အခက်အခဲ ဖြစ်နေချိန်တွင် လာရောက် နှစ်သိမ့် အားပေးခြင်းကို မည်သူမဆို လိုအပ်ကြောင်း” မိန့်ကြားခဲ့ပါသည်။

 

မြစ်ကြီးနားမြို့၌ ရေကြီးနေကြောင်း သတင်းကြားကြားခြင်း ဇူလိုင်လ ၃ရက် ၂၀၂၄ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ရောက်ရှိလာသော ဂိုဏ်းချုပ်ဆရာတော်ကြီး Charles Cardinal Bo မှ ဇူလိုင်လ ၄ရက် ၂၀၂၄တွင် ရေဘေးဒုက္ခသည်များနှင့် IDPs Camp များဆီသို့ သွားရောက် နှစ်သိမ့်အားပေး ကူညီမူများ ပေးအပ်ခဲ့ပါသည်။

 

" အခုချိန် မြစ်ကြီးနားမြို့မှာ ရေကြီးမှု ကျဆင်းသွားသော်လည်း ကချင်ပြည်နယ် အတွင်းရှိ ဗန်းမော်၊ မိုးကောင်း၊ ကားမိုင်း၊ တနိုင်းနှင့် ဖားကန့်တွင်လည်း ‌ရေကြီးမှုများနှင့် ကြုံတွေ့နေရသော ပြည်သူပြည်သားများ အားလုံးကို လူမျိူး ဘာသာ မခွဲခြားပဲ မိမိ တတ်နိုင်တဲ့ဖက်ကနေ အချင်းချင်း ကူညီ ရိုင်းပင်းကြပြီး သခင်ယေဇူးရဲ့ သနားခြင်း၊ ကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့်အတူ ခရစ်ယာန်ကျင့်စဥ်များကို ပြသကြရအောင် "ဟု မြန်မာ ကာဒီနယ်မှ အလေးအနက်ထား ဖိတ်ခေါ်ခဲ့ပါသည်။


Charles Cardinal Bo သည် မြစ်ကြီးနားမြို့ ရေကြီးမှု၌ အဆိုးဆုံးနေရာတစ်ခု‌ဖြစ်သော ကြက်ပေါင်ခြံ ရပ်ကွက်သို့ အရင်ဆုံး သွားရောက်ခဲ့ပြီးနောက် စစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ ဆက်လက် သွားရောက်ခဲ့ပါသည်။

 

နောင်ချိန်း ဘုန်းတော်ကြီးတစ်ပိုင်အတွင်းရှိ ရွာတစ်ချို့တွင် ရေကြီးမှုကြောင့် အိမ်ခြေ (30) ကျော်ခန့် မျောပါသွားပြီး တစ်ချို့နေအိမ်များသည် ပျက်စီးမှု များကြောင်း ကျောင်းထိုင် ဘုန်းတော်ကြီး ပတ်ထရစ် ခေါင်ရေမှ မိန့်ကြားပါသည်။

 

ဂိုဏ်းချုပ်ဆရာတော်ကြီး Charles Cardinal Bo နှင့် အတူ Rev. Fr. Bernard Dashi Tang JiRev. Fr. Paul Kinsa Tu Awng Rev. Fr. Robert Hpauyam La Wawm နှင့် Rev. Fr. John Npawp Byin Tu Awng တို့လည်း လိုက်ပါ အားပေးခဲ့ကြပါသည်

 

By

RVA Kachin Jinghpaw


2024-07-29 22:08:15
NEWS AND EVENTS