Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဝိညာဥ်ခွန်အားရရှိရန်အတွက်

သမ္မာကျမ်းစာဖတ်ရှုရန် တိုက်တွန်း

 

ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီလျိုအားသိုက်မှ ဘာသာတူများအား ဝိညာဥ်ခွန်အား ရရှိရန်အတွက် သမ္မာကျမ်းစာ ဖတ်ရှုကြရန်  စက်တင်ဘာ 28ရက်နေ့၊ ရွှေနှလုံးတော်သာသနာအုပ်စု မှော်ဘီမြို့၌ ကျင်းပခဲ့သော သမ္မာကျမ်းစာတော်မြတ်နေ့ အခမ်းအနားတွင် တိုက်တွန်းခဲ့ပါသည်။

“သင့်ဝိညာဥ်ခွန်အားရရှိရန် သမ္မာကျမ်းစာကို ဖတ်ရှုပါ” ဟု သမ္မာကျမ်းစာတော်မြတ် တမန်တော်လုပ်ငန်းကော်မရှင်၏ ဥက္ကဌ ဆရာတော်ဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျိုမှ အားပေးခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီးမှ တက်ရောက်လာကြသူများအား သမ္မာကျမ်းစာကို နားများဖြင့် နားထောင်ရန်၊ မျက်စိများဖြင့် ဖတ်ရှုရန်၊ အတွေးများဖြင့် ဖတ်ရှုရန်နှင့် နှလုံးသားများဖြင့် ဖတ်ရှုကြရန် ဖိတ်ခေါ်ခဲ့ပါသည်။
တောင်ကြီးဂိုဏ်းချုပ်ဆရာတော်မှ “သမ္မာကျမ်းစာဟာ ယုံကြည်ခြင်းကို ခိုင်မာစေတယ်။ သမ္မာကျမ်းစာဟာ စိတ်ပျက်အားငယ်မှုကို ကုသပေးတယ်” ဟု အလေးအနက်ထား မိန့်ကြားခဲ့ပါသည်။

ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ လက်ထောက်ဆရာတော် ဖရန်စစ် သန်းထွန်းမှလည်း “ဘုရားသခင်သည် ကိုယ်တော်ရှင်၏ နှုတ်ကပါဌ်တော်အားဖြင့် ကျွန်တော်တို့ကို စကားပြောပါတယ်”ဟု မိန့်ဆိုခဲ့ပါသည်။

သမ္မာကျမ်းစာတော်မြတ် တမန်တော်လုပ်ငန်း ကော်မရှင်မှ အဓိကအဖွဲ့ဝင်ဖြစ်သော မော်လမြိုင်ဂိုဏ်းအုပ်သာသနာမှ ဆရာတော် မောရစ် ညွန့်ဝေမှလည်း သမ္မာကျမ်းစာမှ အသက်ရှင်စေသော သစ်ပင်အကြောင်းကို ဝေမျှခဲ့ပါသည်။

“ကမ္ဘာဦးကျမ်းမှာ အသက်ရှင်စေသောအပင်နှင့် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်စေသောအပင် ဆိုပြီး သစ်ပင် ၂ ပင်ရှိပါတယ်။ လူဟာ ကြိုက်တဲ့ အပင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ လူသားများက အသက်ရှင်စေသောအပင်အကြောင်းကို သိပ်မပြောကြပါဘူး” ဟု ဆရာတော် မောရစ်မှ မိန့်ကြားခဲ့ပါသည်။

သမ္မာကျမ်းစာတော်မြတ် တမန်တော်လုပ်ငန်းမှ National Director Fr. George ရွှေထွန်းနှင့် အဖွဲ့မှ ဤအစီအစဥ်ကို ဦးဆောင်ကျင်းပခဲ့ပါသည်။

၂ ရက်တာကျင်းပခဲ့သော ဤအခမ်းအနားသည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ၁၄ကြိမ်မြောက် သမ္မာကျမ်းစာတော်မြတ်နေ့ အခမ်းအနားဖြစ်ပြီး သမ္မာကျမ်းစာ ပညာရှင်ဖြစ်သော ရဟန္တာ စိန်ဂျေရုမ်း၏ ပွဲကိုလည်း ဂုဏ်ပြုကျင်းပခြင်း ဖြစ်ပါသည်။ စိန်ဂျေရုမ်းသည် သမ္မာကျမ်းစာတော်မြတ်ကို ဂရိဘာသာမှ လာတင်းဘာသာသို့ ပြန်ဆိုခဲ့သူ ဖြစ်ပါသည်။

အခမ်းအနားကို သမ္မာကျမ်းစာတော်မြတ် ပလ္လင်တင်ခြင်း အခမ်းအနားဖြင့် စတင်ခဲ့ပါသည်။

ရဟန်းတော်များ၊ သူတော်စင်များ၊ ဓမ္မဆရာ/ဆရာမများ၊ ရဟန်းဖြစ်သင်ကျောင်းသားများနှင့် ဘာသာတူများ ပါဝင်ခဲ့ကြပါသည်။

သမ္မာကျမ်းစာတော်မြတ် တမန်တော်လုပ်ငန်းတွင် ၁၀နှစ်အထက် ဆက်ကပ်ခဲ့ကြသော အဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြပါသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁နာရီခွဲတွင် မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းဖြင့် သမ္မာကျမ်းစာတော်မြတ်နေ့ အခမ်းအနားကို ပြီးဆုံးခဲ့ပါသည်။

 

By RVA Sgaw Karen, September 30 2024


2024-10-03 23:42:56
NEWS AND EVENTS