Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်၌ ကျင်းပ

ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ်အခမ်းအနားကို စိန်သြဂုတ်စတင်း ဘုရားကျောင်းရှိ သာသနာ့ ခန်းမဆောင်၌ အောက်တိုဘာလ ၅ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ဤအခမ်းအနားကို ရန်ကုန် ကက်သလစ် သာသနာ ပညာရေးကော်မရှင်နှင့် ပဲခူးမြို့ရှိ ရွှေဟင်္သာ ကိုယ်ပိုင်အလယ်တန်းကျောင်းတို့မှ စီစဥ်ကျင်းပခဲ့ပါသည်။

ဤ အခမ်းအနားတွင် ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်းအချို့နှင့် သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းအချို့မှ ဆရာ/မများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာကြသော ကျောင်းများနှင့် သင်တန်းကျောင်းများမှ ၎င်းတို့၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို PowerPointများ video clips များဖြင့် တင်ပြခဲ့ကြပါသည်။

ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ပညာရေး ကော်မရှင် Rev. Fr. Abraham Shwe Winမှ ဆရာ/မများသည် ဒုတိယ မိဘဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတွင် ဆရာ/မများအား လေးစားရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။

“ဆရာနှစ်မျိုးရှိပါတယ်။ မိသားစုမှာ ပထမဆုံး ဆရာကတော့ မိဘများဖြစ်ပြီး ဒုတိယကတော့ ကျောင်းများနဲ့ တက္ကသိုလ်များမှ ဆရာများ ဖြစ်ကြပါတယ်။” ဟု မိန့်ကြားခဲ့ပါသည်။

အခမ်းအနားကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ပညာရေးကော်မရှင်၏ နာယက ဆရာတော် နိုဝယ် စောနောအေးမှ မစ္ဆားပူဇော်ြခင်းဖြင့် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားအပြီးတွင်  အသက် ၇၀နှင့်အထက် ဆရာ/မများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ကမ္ဘာတဝှမ်းလုံးရှိ ဆရာ/မများကို ဂုဏ်ပြုရန် ကမ္ဘာ့ဆရာများနေ့ကို နှစ်စဥ် အောက်တိုဘာလ ၅ ရက်နေ့တွင် 1994 ခုနှစ်မှစ၍ တစ်ကမ္ဘာလုံးတွင် ကျင်းပကြပါသည်။

News : RVA Sgaw Karen Service

Photo: Children present their performance to the Audience


2024-10-08 22:00:44
NEWS AND EVENTS