Pope prays for the victims of the earthquake in Southeast Asia
especially in Myanmar and Thailand
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မြန်မာနှင့် ထိုင်းမှ ငလျင်ဒဏ်သင့် ဒုက္ခသည်များအတွက် ဆုတောင်းပေး
အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် အလွန်အမင်းဝမ်းနည်းရပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ကွယ်လွန်သူများ၏ ဝိညာဉ်များအတွက် လေးလေးနက်နက် ဆုတောင်းပေးပြီး ဤအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူများအားလုံးအတွက် ဝိညာဉ်ရေးရာအရ နီးကပ်စွာရှိနေကြောင်း အသိပေးလိုပါသည်။
ထို့အတူ ဒဏ်ရာရရှိသူများနှင့် အိုးအိမ်မဲ့သူများအား ပြုစုစောင့်ရှောက်ရာတွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူများအား ဘုရားသခင်၏ ခွန်အားနှင့် ဇွဲလုံ့လ ကျေးဇူးတော်များဖြင့် ထောက်ပံ့ကူညီပေးပါရန် ပုပ်ရဟန်းမင်းကြီးသည် ဆုတောင်းပေးနေပါသည်။
Pope prays for the victims of the earthquake in Southeast Asia, especially in Myanmar and Thailand
Pope Francis
Yangon, 28 March 2025
Deeply saddened by the loss of life and widespread devastation caused by the earthquake in Southeast Asia, especially in Myanmar and Thailand, His Holiness Pope Francis offers heartfelt prayers for the souls of the deceased and the assurance of his spiritual closeness to all affected by this tragedy.
His Holiness likewise prays that the emergency personnel will be sustained in their care of the injured and displaced by the Divine gifts of fortitude and perseverance.
Cardinal Pietro Parolin
Secretary of State
2025-03-28 21:18:08