Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အသင်းတော်ကြီး၏ထင်ရှားသော ဂီတပညာရှင် ကွယ်လွန်ခြင်း      

********************************

 

ဖိလစ်ပိုင်နိုင်ငံ St. Paul of Chartres (SPC) သီလရှင်အသင်းမှ ကက်သလစ် ဓမ္မသီချင်းများစွာ ရေးစပ်ခဲ့သော  Sr. Maria Anunciata Sta. Ana အသက် ၈၅-နှစ်သည် Saturday (August 8, 2020) ကင်ဆာရောဂါဖြင့် ကောင်းကင်နိုင်ငံတော်သို့ ငြိမ်သက်စွာ ထွက်ခွါသွားပြီဟု ထိုအသင်း ဂိုဏ်း၏အကြီးအကဲကကြေညာခဲ့သည်။

ဒုတိယဗာတီကန်ပြီးနောက် Sr. Maria Anunciata Sta. Ana မှ ဖိလစ်ပိုင် ဘာသာ စကားဖြင့် ရေးစပ်ခဲ့သော ဓမ္မသီချင်းများစွာကို အသင်းတော်ဝတ်ပြုကိုးကွယ်မှု များတွင် သီဆိုအသုံးပြုနိုင်ခဲ့ကြသည်။

မနီလာရှိ St. Paul ယဉ်ကျေးမှုတက္ကသိုလ်တွင် ဌါနမှူးတာဝန်ကိုလည်း ထမ်းဆောင် ခဲ့ကာ သူမ၏ထိရောက်သောဦးဆောင်မှုအောက်၌ သူတာဝန်ယူသောနေရာ ကျောင်း/ဌါနများ၏ စွမ်းရည်ကို အသိအမှတ်ပြုခံရလေ့ရှိသည်။

Sr. Maria Anunciata Sta. Ana သည် တက္ကသိုလ်တွင် မသန်မစွမ်းကလေးများအတွက် ဂီတဖြင့် ကုစားမှုပေးသည့်အစီအစဉ်ကိုလည်း လစဉ် ဦးစီးလုပ်ဆောင်ပေးခဲ့သည်။

၂၀၀၅-ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံဝတ်ပြုကိုးကွယ်မှုဓမ္မတေးဆိုင်ရာ စွန့်ဦးတီထွင်သူများ အတွက်ပေးအပ်ဂုဏ်ပြုသည် ဆုဖလားကိုလည်းရရှိခဲ့ကာ၊ ၂၀၁၉-ခုနှစ်တွင်လည်း “Patron of the Arts Award” ဆုကို မနီလာဂိုဏ်းချုပ်သာသနာနှင့် Jesuit Communications Foundation တို့ထံမှ  ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သည်။

မူရင်း-https://cbcpnews.net/cbcpnews/church-musician-sr-anunciata-dies-at-85/?fbclid=IwAR0SeFPQ7HywJsyGhGHFm18YiMwIqwWxrWZJhKV-gbA6rYEGxrta0hO2ZhI

ဘာသာပြန် OSC-CBCM (Myanmar)

Photo: Sr. Maria Anunciata Sta. Ana, SPC, (1935-2020). SCREENSHOT/JESCOM

 


2020-08-15 01:38:18
NEWS AND EVENTS