ဘာသာရေး စံတန်ဖိုးတစ်ခု
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
စက်တင်ဘာလ ၃ ရက်နေ့၊ ၂၀၂၀ ခုနှစ်
ထောက်ရှုချက်
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ ဖန်ဆင်းခြင်းအား ကမ္ဘာဦးကျမ်း အစတွင် ဖော်ပြထားသည်။ ၎င်းတွင် ရေသည် ဘုရားသခင်၏ ကောင်းချီး လက္ခဏာ တစ်ခု အဖြစ် သန့်စင်ပေးသော အရာ၊ စိုက်ပျိုးမြေ၏ အမှတ်သင်္ကေတဟု ဖော်ပြထားသလို မိုးရေရှားပါးခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းတို့ကို ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်း အဖြစ် မြင်တွေ့နိုင်သည်။
ဓမ္မသစ်ကျမ်းတွင်မူ ရေနှင့် ကုသခြင်း အကြားတွင် မြောက်များစွာသော ချိတ်ဆက်မှုများဖြင့် ဖော်ပြထားပါသည်။
ထောက်ရှုရန် မေးခွန်း
ကျွန်ုပ်တို့၏ ဘဝသက်တာတွင် ရေ၏ ကုသခြင်း စွမ်းအင်အား တွေ့ကြုံခံစားရဖူးပါသလား။
မေတ္တာရေ ပက်ဖြန်းသည့် အခါ မိမိတို့ အပေါ် မေတ္တာရည် ကျဆင်းလာချိန်၌ ဝိညာဉ်တော် ဘုရား၏ သန့်ရှင်းဖြူစင်စေသော စွမ်းပကားအား ကျွန်ုပ်တို့ ခံစားတွေ့ကြုံဖူးပါသလော၊ ကျွန်ုပ်တို့အား အသစ်တဖန် ပြန်လည် ဆန်းသစ်စေသည်ဟု ခံစားဖူးပါသလော။
လက်တွေ့လုပ်ဆောင်ရန်
မိမိတကိုယ်တည်း ဆုတောင်းပြီးချိန် သို့မဟုတ် မိသားစုအတွင်း စိပ်ပုတီး စိပ်ပြီးချိန်၌ မိမိကိုယ်ကိုနှင့် အခြားသူများအား မေတ္တာရေ ပက်ဖြန်းဆုတောင်းပေးပါ။
အပိတ်ဆုတောင်း
အိုသခင်၊ ကျွန်ုပ်တို့ ဆေးကြောခြင်း ခံယူသည့် အချိန်အား ပြန်လည် အမှတ်ရခွင့်ပေးတော်မူပါ၊
သန့်ရှင်းသော မေတ္တာရေ၏ ဖြူစင်စေသော ကျေးဇူးတော် အားဖြင့် ကျွန်ုပ်တို့ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အား သန့်ရှင်းစေသည့် ခံစားတွေ့ကြုံမှုအား ပေးတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။
အာမင်။
2020-09-02 08:13:23