Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ထံမှ

ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါ်လ်ဂရောင် ပျံလွန်ခြင်းအတွက် ဗာတီကန်သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ချန်အင်နမ်
မှတဆင့် ပေးပို့လာသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ထံမှ ဝမ်းနည်းကြောင်းသဝဏ်လွှာ
 
"ချစ်ခင်လေးစားရပါသော ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်း
မန္တလေးဂိုဏ်းချုပ်သာသနာ
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ်ဇိန်ထုန်းဂရောင်ပျံလွန်တော်မူသည့်အကြောင်းကြားသိရသဖြင့် အသင် ညီတော်ဆရာတော်ကြီးနှင့်အတူ မန္တလေးသာသနာမှ ညီတော်ရဟန်းတော်များ၊ သစ္စာသုံးပါးခံသူတော်စင်များနှင့် ဘာသာတူသားသမီးများ အားလုံးနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာရေးသားပေးပို့လိုက်ပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဂရောင် အမှုတော်ထမ်းဆောင်ခဲ့သောနှစ်များစွာအတွက် ကျေးဇူးတင်ခြင်းနှင့်အတူ၊ ရဟန်းမင်းကြီးအရှင်သူမြတ်သည် သေခြင်းမှဦးစွာရှင်ပြန်ထမြောက်တော်မူခဲ့သော ယေဇူးခရစ်တော်၏သနားဂရုဏာတော်၌ ဆရာတော်ကြီး၏ဝိညာဉ်ကိုအပ်နှံရင်း ဈာပနအခမ်းအနားအတွက်စုရုံးရောက်ရှိနေကြသူများနှင့် တစ်လုံးတစ်၀တည်းရှိနေပါသည်။ ရှင်ပြန်ထမြောက်မည်ဟုမျှော်လင့်လျက် ပျံလွန်တော်မူခဲ့သော ဆရာတော်ကြီးအတွက် ဝမ်းနည်းပူဆွေးနေကြသူများအားလုံးကို နှစ်သိမ့်ခြင်းနှင့် ငြိမ်းချမ်းခြင်းအထိမ်းအမှတ်အဖြစ် ရဟန်းမင်းကြီးမှ အထူးကောင်းချီးတော်ကို ပေးပို့လိုက်ပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဂရောင်၏ဝိညာဉ်အတွက် ဆုတောင်းပေးလျက်
သခင်ခရစ်တော်၌
ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ချန်အင်နမ်
ရဟန်းမင်းကြီး၏ကိုယ်စားလှယ်တော်
ဘန်ကောက်မြို့၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်"

2020-10-27 20:26:47
NEWS AND EVENTS