Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏

၅၈ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက် သဝဏ်လွှာ

ဉာဏ်ရည်တုနှင့် နှလုံးသား၏ ဉာဏ်ပညာ ၊

ပြည့်ဝစုံလင်သော လူသားချင်း ဆက်သွယ်ရေးဆီသို့

 

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့

မကြာသေးခင်က ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ကျွန်ုပ်ရဲ့ သတင်းစကားမှာ ဖော်ပြခဲ့တဲ့ ဉာဏ်ရည်တု (Artificial Intelligence AI) စနစ်တွေ ဖွံ့ဖြိုးတိုးတက်လာခြင်းက သတင်းအချက် အလက်နဲ့ ဆက်သွယ်ရေး လောကနဲ့ အချို့သော လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းများကို အကျိုးသက်ရောက် စေခဲ့ပါတယ်။ ဒီပြောင်းလဲခြင်းက ထိုနယ်ပယ်များက ကျွမ်းကျင်သူများကို သာမက လူတိုင်းအပေါ် အကျိုးသက် ရောက်မှုရှိပါတယ်။ အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ ပျံ့နှံ့နေတဲ့ ဆန်းသစ် တီထွင်မှုတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ အလားအလာတွေဟာ ကျွန်ုပ်တို့အများစု နားလည်ပြီး တန်ဖိုးထားနိုင်စွမ်းထက် ကျော်လွန်နေပြီး စိတ်လှုပ်ရှားစရာ ကောင်းသလို စိတ်ရှုပ်ထွေးစရာတွေကိုလည်း သက်သေထူခဲ့ပါတယ်။ AI ခေတ်ကာလမှာ လူသားမျိုးစိတ်တွေရဲ့ သဘာဝ၊ သိသာထင်ရှားမှုနဲ့ အနာဂါတ် လူသားဖြစ်တည်မှုတွေအကြောင်းကို လေးနက်စွာ မလွဲဧကန် ဦးဆောင်နေမှာ သေချာပါတယ်။ ပြည့်ဝသော လူသားအဖြစ် ဆက်လက် တည်ရှိပြီး ကောင်းမွန်သော ရည်ရွယ်ချက်တစ်ခု ရရှိစေရန် ဤယဉ်ကျေးမှု ပြောင်းလဲခြင်းကို ဦးဆောင်လမ်းပြရန် မည်သို့ဆောင်ရွက်နိုင်မလဲ။

နှလုံးသားနဲ့ စတင် ခြင်း

အခြားအရာများကို မစတင်ခင် ကပ်ဘေးကြိုတင်ခန့်မှန်းမှုနှင့် မကောင်းသော အကျိုး သက်ရောက်မှုများကို ကျွန်ုပ်တို့ ဘေးဖယ်ထားရန် လိုအပ်ပါတယ်။ လွန်ခဲ့သော ရာစုနှစ်တစ်ခုက Romano Guardini က နည်းပညာနှင့် လူသားန်မှုတို့အကြောင်းကို ဝေဖန်သုံးသပ်ခဲ့ပါတယ်။ Guardini က ပျောက်ကွယ်သွားတော့မယ့် လှပတဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းရာမှာ ‘အသစ်’ကို မငြင်းပယ်ရန် တိုက်တွန်းခဲ့ပါတယ်။ တချိန်ထဲမှာပဲ ကျွန်ုပ်တို့တတွေ ဟာလည်း ဖြစ်ပေါ်လာခြင်းဆိုတဲ့ ဖြစ်စဉ်ကြီးထဲမှာ တည်ရှိနေတာကို ကြိုတင်နိမိတ်ဖတ် သတိပေးခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီဟာ ကိုယ်ပိုင်နည်းလမ်းဖြင့် လွတ်လပ် ပွင့်လင်းခြင်းနဲ့ သာမက အဖျက်အစီးနဲ့ လူသားမဆန်တဲ့ အရာအားလုံးကို သတိထားခြင်းဖြင့်လည်း ဒီဖြစ်စဉ်မှာ ပါ၀င်ကြရမှာ ဖြစ်ပါတယ်။ “ဒီအရာတွေဟာ နည်းပညာဆိုင်ရာ ပြဿနာ၊ သိပ္ပံပညာဆိုင်ရာ ပြဿနာနဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပြီး ကျွန်ုပ်တို့ လူသားဖြစ်တည်မှုကနေ အစမပြုရင် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အသစ်သော လူသားဖြစ်တည်မှုသည် ပိုမိုနက်ရှိုင်းသော ဝိညာဥ်ရေး၊ အသစ်သော လွတ်လပ်မှုနဲ့ အတွင်းစိတ်နှလုံးတို့ကို ပုံဖော်ရမည် ဖြစ်သည် ” ဟု သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ယခုခေတ်သမိုင်းမှာ နည်းပညာ ဖွံဖြိုးလာသည်နှင့်အမျှ လူသားဆန်မှုတွေ နဲပါးလာတဲ့ အတွက်‌ကြောင့် ကျွန်ုပ်တို့ရဲ့ ဝေဖန်သုံးသပ်ခြင်းကို လူ့နှလုံးသားမှ စတင်ကြရမှာ ဖြစ်ပါတယ်။ ဝိညာဉ်ရေးနည်းလမ်းအားဖြင့် အဖြစ်မှန်ကို ကြည့်ရှုခြင်းနည်းလမ်းကို  လက်ခံကျင့်သုံးခြင်းနှင့် နှလုံးသားမှ ဉာဏ်ပညာကို ပြန်လည်ရရှိခြင်းအားဖြင့်သာ၊  ကျွန်ုပ်တို့ရဲ့ခေတ်သစ်ကို ရင်ဆိုင်ပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းဖြင့် ပြည့်ဝသော လူသားတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ရှာဖွေနိုင်ပါတယ်။ သမ္မာကျမ်းစာတော်မြတ်မှာ နှလုံးသားကို လွတ်လပ်မှုနှင့် ဆုံးဖြတ်ချက်ချရာ နေရာအဖြစ် မြင်ကြတယ်။ သမာဓိနှင့် စည်းလုံးညီညွတ်မှုကို ပုံဖော်သော်လည်း ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ၊ ဆန္ဒများ၊ အိပ်မက်များလည်း ပါဝင်စေပါတယ်။ အထူးသဖြင့် ဘုရားသခင်နဲ့ တွေ့ဆုံရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သို့ဖြစ်၍ နှလုံးသားရဲ့ ဉာဏ်ပညာသည် ကျွန်ုပ်တို့၏ တစ်ခုလုံးနှင့် သူ၏ အစိတ်အပိုင်းများ၊ ဆုံးဖြတ်ချက်များနှင့် ၎င်းတို့၏အကျိုးဆက်များ၊ ကျွန်ုပ်တို့ရဲ့ သစ္စာရှိမှုနဲ့ အားနည်းမှု၊ ကျွန်ုပ်တို့၏ အတိတ်နှင့် အနာဂတ်၊ ကျွန်ုပ်တို့၏ တစ်ဦးချင်းနဲ့ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်များတို့ကို ပေါင်းစပ်နိုင်စေတဲ့ မွန်မြတ်သော ပါရမီ အရည်အသွေး ဖြစ်ပါတယ်။

နှလုံးသား၏ ဉာဏ်ပညာအား ရှာသောသူကို တွေ့စေခြင်းငှာလည်းကောင်း၊ ချစ်သော သူတို့ကို မျက်စိမြင်စေခြင်းငှါလည်းကောင်း၊ လိုချင်သူများကို ကြိုတင်ခံစားစေပြီး ထိုက်တန်သူ များကိုလည်း ရှာဖွေရန် ဉာဏ်ပညာသည် သွားလေသည်။ (cf. Wis 6:12-16) အကြံဉာဏ် ယူလိုသူများနှင့် (cf. Prov 13:10) ကြေကွဲဝမ်းနည်း၍ နားထောင်သော နှလုံးသားတို့နှင့် အတူရှိသည်။ (cf. 1 Kg 3:9) သန့်ရှင်းသော ဝိညာဥ်တော်ဘုရား၏ ကျေးဇူးတော်တစ်ခုအဖြစ် ဆက်နွယ်မှုများ၊ အခြေအနေနှင့် အဖြစ်အပျက်များကို မှန်ကန်သော အဓိပ္ပါယ်ဖြင့် မြင်တွေ့နိုင်ရန် ဘုရားသခင်၏ မျက်စိတော်ဖြင့် ကြည့်မြင်နိုင်စေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဉာဏ်ပညာမျိုး မရှိဘူးဆိုရင် ဘဝဟာ အရသာမဲ့လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဉာဏ်ပညာ ဆိုတဲ့စကားလုံးရဲ့ လက်တင်းဘာသာ အရင်းအမြစ် sapere က လာပြီး  sapor‘အရသာ’နဲ့ ဆက်စပ်နေပါတယ်။ အဓိပ္ပါယ်က အသက်ကို "အရသာ" ပေါင်းထည့်ပေးခြင်းပဲ ဖြစ်ပါတယ်။

 

အခွင့်အရေးနဲ့ အန္တရာယ်

အဲဒီလိုဉာဏ်ပညာကို စက်တွေဆီကနေ ရှာဖွေလို့မရပါဘူး။ "ဉာဏ်ရည်တု" ဆိုသော အသုံးအနှုန်းကို ယခုအခါ ပိုမှန်ကန်သော အသုံးအနှုန်းဖြင့် သိပ္ပံစာပေများမှာ အသုံးပြုတဲ့ “စက်ဖြင့် သင်ယူခြင်း” (machine learning) ဟူသောအသုံးအနှုန်းဖြင့် အစားထိုးထားသော်လည်း "ဉာဏ်ရည်" (Intelligence) ဟူသော စကားလုံးကို အသုံးပြုခြင်းက လှည့်ဖြားနိုင်ကြောင်း သက်သေထူနိုင်ပါ တယ်။ စက်များဟာ အချက်အလက်များကို သိုလှောင်၊ သိမ်းဆည်းရန်အတွက် လူသားများထက် အကန့်အသတ်မဲ့ ပမာဏရှိမည်မှာ သေချာသော်လည်း လူသားတစ်ဦးတည်းသာ ထိုအချက်အလက် များကို သဘောပေါက် ခံစားနိုင်စွမ်းရှိကြပါတယ်။  စက်များကို ပို၍လူသားများနှင့်တူအောင် ပြုလုပ်လာခြင်းဟာ ရိုးရှင်းတဲ့ ကိစ္စရပ် မဟုတ်ပါ။ လူမှုဆက်ဆံရေးအားလုံးမှ ခွဲထွက်ပြီး ဖန်ဆင်းခံ သတ္တဝါဖြစ်သည်ကို မေ့လျော့ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် “မိမိကိုယ်သာ အခရာ” ဟူသော ယုံကြည်ချက်ကို အခြေခံသည့် အရာအားလုံးကို တတ်နိုင်သည်ဆိုသော အထင်အမြင်မှား များကြောင့် လူသားများကို ငိုက်မျဥ်းနေရာမှ နိုးထလာစေခြင်းသာ ဖြစ်သည်။

လူသားများက မိမိတို့သည် မပြည့်စုံကြောင်းနှင့် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ အားနည်းချက်များကို ကျော်လွှားနိုင်ရန် ကြိုးစားကြကြောင်း အမြဲသဘောပေါက်ခဲ့ကြပါတယ်။ အစောဆုံး သမိုင်းမတင်မီ ရှေးဟောင်းပစ္စည်းများမှ လက်နက်များ တိုးချဲ့ခြင်းအဖြစ်၊ မီဒီယာကို စကားပြောဆိုခြင်း တိုးချဲ့မှုအဖြစ် အသုံးပြုခဲ့ရာမှ ယခုအခါ ကျွန်ုပ်တို့သည် တွေးခေါ်မှုအတွက် အထောက်အကူအဖြစ် လုပ်ဆောင်သည့် အလွန်ခေတ်မီဆန်းပြားသော စက်များကို ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဤကရိယာတစ်ခုစီဟာ ဘုရားသခင်မရှိသော၊ ဘုရားသခင်ကဲ့သို့၊ ဖြစ်စေရန် ကမ္ဘာဦးကာလမှ နှောက်ယှက်ခြင်းဖြင့် အလွဲသုံးစားပြုနိုင်ပါတယ်၊ ဘုရားသခင်ထံမှ လက်ဆောင်အဖြစ် လွတ်လွတ် လပ်လပ် ရရှိသင့်သောအရာကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ဆုပ်ကိုင်လိုခြင်း၊ အများနဲ့ ပေါင်းသင်းမှု၌ ပျော်ရွှင်ခြင်းကို ဆိုလိုပါတယ်။

နှလုံးသားရဲ့ တိမ်းညွှတ်စိတ်ပေါ် မူတည်ပြီး ကျွန်ုပ်တို့လက်လှမ်းမီနိုင်တဲ့ အရာတိုင်းဟာ အခွင့်အရေး ဒါမှမဟုတ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတယ်။ ဆက်သွယ်ရေးနဲ့ တစ်လုံးတစ်ဝတည်း ရှိရေးအတွက် ဖန်တီးထားတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာဟာ ရန်လိုတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်ုပ်တို့  လူသားများရဲ့ နည်းပညာ တိုးချဲ့မှုတိုင်းဟာ မေတ္တာပါသော ဝန်ဆောင်မှု သို့မဟုတ် ရန်လိုသော လွှမ်းမိုးမှုရဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဉာဏ်ရည်တုစနစ်များဟာ မသိနားမလည်မှုကို ကျော်လွှားနိုင်ရန်နှင့် လူမျိုးအသီးသီးနှင့် လူသားမျိုးဆက်များအကြား သတင်းအချက်အလက် ဖလှယ်မှုကို လွယ်ကူစေနိုင် ပါတယ်။ ဥပမာအားဖြင့် ၎င်းတို့သည် ယခင်ခေတ်အဆက်ဆက်မှ ရေးသားထားသော အသိပညာ၏ ကြီးမားသော အသိပညာကို လက်လှမ်းမှီနိုင်ကာ နားလည်စေရန် သို့မဟုတ် အများသုံးသော ဘာသာစကားကို မသိသောသူများအကြား ဆက်သွယ်မှုကို ပေးစွမ်းနိုင်သည်။

သို့တိုင် တစ်ချိန်တည်းမှာပင် ၎င်းတို့ဟာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးလုံးလျားလျား မှားယွင်းသော ဇာတ်ကြောင်းများဖြင့် အဖြစ်မှန်ကို လွဲမှားစေသည့် “သိမှုဆိုင်ရာ ညစ်ညမ်းမှု”၏ ရင်းမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ သတင်းအတုပုံစံဖြင့် ကာလကြာရှည်စွာ မမှန်မကန် သတင်းပေးခြင်း ပြဿနာကို ဆင်ခြင်ရန် လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ “deepfakes” ကိုလည်း အသုံးချနိုင်ပါတယ်။ ဆိုလိုချင်တာက ဖန်တီးမှုနှင့် ပြန့်နှံ့သွားသော ပုံများကို အစစ်ဟု လုံးဝယုံကြည်နိုင်စရာရှိသော်လည်း အတုအယောင်သာ ဖြစ်ပါတယ်။ (ကျွန်ုပ်ကိုယ်တိုင်လည်း deepfake ရဲ့ သားကောင် ဖြစ်ခဲ့ဖူးပါတယ်) လူတစ်ဦး၏ အသံကို အသုံးပြုပြီး ထိုလူက တစ်ခါမှ မပြောဖူးသော အရာများကို ပြောတဲ့ အသံမက်ဆေ့ချ်များ ဖြစ်ပါတယ်။ ဤပရိုဂရမ်များ၏ နောက်ကွယ်ရှိ အတုပြုလုပ်ခြင်း နည်းပညာဟာ အချို့သောနယ်ပယ်များမှာ အသုံးဝင်နိုင်သော်လည်း အခြားသူများနှင့်သော် လည်းကောင်း အမှန်တရားနှင့်သော်လည်းကောင်း ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို အနှောက်အယှက် ဖြစ်သွားစေပါတယ်။

ဆိုရှယ်မီဒီယာရဲ့ ပထမဆုံးသော ဉာဏ်ရည်တုလှိုင်းမှစတင်၍ မသေချာမှုများ၊ ၎င်း၏ ဖြစ်နိုင်ခြေများသာမက ၎င်း၏အန္တရာယ်များနှင့် ဆက်နွယ်နေသော ရောဂါဗေဒများကိုလည်း ကျွန်ုပ်တို့ တွေ့ကြုံခံစားခဲ့ကြရပါတယ်။ ဒုတိယအဆင့်ဖြစ်သော မျိုးဆက်ပွားဥာဏ်ရည်တုဟာ မေးခွန်းထုတ်စရာ မလိုအောင် အရည်အသွေး ကောင်းမွန်လှပေတယ်။ ဒါကြောင့် မသမာသူများရဲ့ လက်ထဲမှာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်သည့်အတွက် ထိုကိရိယာများကို နားလည်သဘောပေါက်ရန်နှင့် ထိန်းညှိရန် အရေးကြီးပါတယ်။ လူသားတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ အခြားထုတ်ကုန်တိုင်းကဲ့သို့ပင်၊ လုပ်နည်းစနစ် (အယ်လဂိုရီသမ်)များသည် ကြားနေမဟုတ်ပေ။ ဒါကြောင့်၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းပုံစံများကို အဆိုပြုခြင်း၊ ဉာဏ်ရည်တုစနစ် အသုံးပြုခြင်း၏ အန္တရာယ်ရှိသော၊ ခွဲခြားဆက်ဆံမှုနှင့် လူမှုရေးအရ မတရားသော သက်ရောက်မှုများကို တားဆီးရန်နှင့် အများဝါဒ၊ အများ၏ ထင်မြင်ချက်ကို ကွဲပြားစေခြင်း သို့မဟုတ် အုပ်စုလိုက် တွေးခေါ်မှုပုံစံများ ဖန်တီးခြင်းတို့ကို လျှော့ချရန် ရည်ရွယ်ချက်တို့ဖြင့် ၎င်းတို့၏ အလွဲသုံးစားမှုများကို တိုက်ဖျက်ရန် လိုအပ်ပါတယ်။ “ဥာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉာဏ်ရည်တုကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုခြင်းကို ထိန်းချုပ်ထားတဲ့ စည်းနှောင်ထားသော နိုင်ငံတကာ သဘောတူစာချုပ်တစ်ရပ်ကို ချမှတ်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တစ်ပြိုင်နက် လုပ်ဆောင်ရန် ကျွန်ုပ် ထပ်မံ တောင်းဆိုပါ တယ်။” တစ်ချိန်တည်းမှာပဲ လူ့အခြေအနေတိုင်းမှာ စည်းမျဥ်းစည်းကမ်းဟာ သူ့ချည်းသက်သက် မလုံလောက်ပါဘူး။

လူ့လောကတွင် ကြီးထွားမှု 

 

ကျွန်ုပ်တို့ အားလုံးကို လူသားအဖြစ်နဲ့ လူသားဆန်စွာ အတူတကွ တိုးတက်ကြီးထွားဖို့ရန် ဖိတ်ခေါ်ခံရပါတယ်။ ရှုပ်ထွေးသော၊ လူမျိုးပေါင်းစုံ၊ ဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှု ပေါင်းစုံ ပါဝင်သော လူအဖွဲ့စည်းဖြစ်လာရန်အတွက် အရည်သွေးပြည့်၀သော ခုန်ပျံကျော်လွှားမှု တစ်ခုပြုလုပ်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်နေပါတယ်။ သီအိုရီပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်သွယ်ရေးနှင့်အသိပညာဆိုင်ရာ ကိရိယာသစ်များကို လက်တွေ့ အသုံးပြုမှုအပေါ် ဂရုတစိုက် ဆင်ခြင်သုံးသပ်ရန် လိုအပ်ပါတယ်။ ၎င်းတို့ရဲ့ ကောင်းကျိုးအတွက် ကြီးမားသော ဖြစ်နိုင်ခြေများဟာ အရာအားလုံးကို စိတ်ကူးယဉ် တွက်ချက်မှုများ အဖြစ်သို့ ပြောင်းလဲနိုင်တဲ့ အန္တာရယ်နှင့်အတူ လူတစ်ဦးချင်းစီ၏ အချက်အလက်များကို လျော့ချရန်၊ စက်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုအဖြစ် တွေးခေါ်ခြင်း၊ သီးခြားကိစ္စများတွင် အတွေ့အကြုံ၊ အမြတ်အစွန်းအတွက် ကောင်းမွန်ခြင်းနှင့် ထိုအရာအားလုံးထက် လူတစ်ဦးစီ၏ ထူးခြားမှုနှင့် သူ/သူမ၏ အကြောင်းကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ 

 

ဒစ်ဂျစ်တယ်တော်လှန်ရေးဟာ ကျွန်ုပ်တို့အား ပိုမို၍ လွတ်လပ်မှုကို ဆောင်ကျဥ်း ပေးနိုင်သော်လည်း ယနေ့ခေတ်တွင် ပဲ့တင်သံအခန်းများဟုခေါ်သော ပုံစံများဖြင့် ချုပ်နှောင်ထားပါက ထိုလွတ်လပ်မှုကို ဆောင်ကျဥ်းပေးနိုင်တော့မှာ မဟုတ်ပါ။ ထိုသို့သော အခြေနေမျိုးမှာ သတင်းအချက်အလက် များပြားမှုကို တိုးမြှင့်မည့်အစား ကျွန်ုပ်တို့ဟာ ရှုပ်ထွေးသော နွံထဲတွင် မျောပါနေခြင်း၊ ဈေးကွက်၏ အကျိုးစီးပွား သို့မဟုတ် ပါဝါများ၏ အကျိုးစီးပွားအတွက် သားကောင်းဖြစ်ခြင်း အန္တရာယ်များ ရှိနေပါတယ်။ AI ကိုအသုံးပြုခြင်းဖြင့် အဖွဲ့လိုက်တွေးခေါ်ခြင်း၊ အတည်မပြုရသေးသော ဒေတာအချက်အလက်များကို စုဆောင်းခြင်း၊ စုပေါင်းတည်းဖြတ်မှုဆိုင်ရာ တာ၀န်ကို လစ်လျူရှုခြင်းဆီသို့ ဦးတည်သွားတာကိုတော့ လက်ခံနိုင်စရာ မရှိပါ။ အမှန်တရားကို ကိုယ်စားပြုတဲ့ ကြီးမားသော ဒေတာများဟာ စက်များ လည်ပတ်မှုအတွက် အသုံး၀င်‌‌သော်လည်း အရာ၀တ္တုများ၏ အမှန်တရားကို သိသိသာသာ ဆုံးရှုံးစေကာ လူအချင်းချင်းဆက်နွယ်မှုကို အဟန့်တားဖြစ်စေပြီး ကျွန်ုပ်တို့ရဲ့ လူသားဆန်မှုကို ခြိမ်းခြောက်နေပါတယ်။ သတင်းအချက်အလက်ဟာ အသက်ရှင်သော ဆက်ဆံရေးနှင့် ခွဲခြားမရပါ။ ဤအရာများသည် ခန္ဓာကိုယ်နှင့် လက်တွေ့ကမ္ဘာတွင် နှစ်မြုပ်ခြင်း၊ ဒေတာသာမက လူ့အတွေ့ကြုံများနှင့် ဆက်စပ်နေခြင်း၊ မျက်နှာများနှင့် မျက်နှာအမှုအရာများကို  ဂရုဏာနှင့် မျှဝေခံစားစေရန် လိုအပ်ပါသည်။ 

ဤနေရာမှာ စစ်ပွဲများအကြောင်း သတင်းပေးပို့ခြင်းနှင့် မဟုတ်မမှန် လုပ်ကြံလှုံ့‌ဆော်မှု များဖြင့် ဆင်နွှဲနေသည့် အပြိုင်စစ်ပွဲများကို တွေးမိပါတယ်။ သူတို့ကိုယ်တိုင် မြင်ခဲ့ရတာတွေကို ကျွန်ုပ်တို့ မြင်နိုင်စေဖို့အတွက် တာ၀န်ထမ်းဆောင်နေစဥ် ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးခဲ့ရတဲ့ သတင်းထောက်တွေ အားလုံးကိုလည်း သတိရမိပါတယ်။ ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ အမျိုးသားများ ဒုက္ခရောက် နေမှုများကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့်သာ စစ်ပွဲများ၏ အဓိပ္ပါယ်မဲ့မှုများကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

AI ကိုအသုံးပြုခြင်းဟာ ဆက်သွယ်ရေးကဏ္ဍအတွက် အပြုသဘောဆောင်သော ပံပိုးကူညီမှုတစ်ခု ဖြစ်စေနိုင်သော်လည်း ၎င်းဟာ မြေပြင်တွင် သတင်းစာပညာ၏ အခန်းကဏ္ဍကို မဖယ်ရှားပဲ ပံ့ပိုးကူညီရန် လုပ်ဆောင်ပေးပါတယ်။ ဆက်သွယ်ရေး ကျွမ်းကျင်မှုကို တန်ဖိုးထားပြီး ဆက်သွယ်ရေးသမားတိုင်းဟာ ၎င်းတို့ရဲ့ တာ၀န်၀တ္တရားများကို ပိုမိုသိရှိနားလည်လာစေရန်နှင့် လူသားအားလုံးကိုလည်း ဆက်သွယ်ရေး လုပ်ငန်းမှာ ဝေဖန်ပိုင်းခြား သိမြင်တတ်သူများ ဖြစ်စေရန် ပံပိုးကူညီပေးထားပါတယ်။ 

 

ယနေ့ နှင့် အနာဂတ်အတွက် မေးခွန်းများ 

ဤကိစ္စနှင့် စပ်လျဉ်းပြီး မေးခွန်းများစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ သုံးစွဲသူများ နှင့်အတူ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနယ်ပယ်ရှိ လုပ်သားများရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ဂုဏ်သိက္ခာကို ကျွန်ုပ်တို့ မည်သို့ကာကွယ်မည်နည်း။ မီဒီယာ ပလက်ဖောင်းများ၏ အပြန်အလှန် လုပ်ဆောင်နိုင်မှုကို ကျွန်ုပ်တို့ မည်သို့အာမခံနိုင်မည်နည်း။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများကို ဖွံ့ဖြိုးတိုးတက် စေတဲ့ စီးပွားရေးလုပ်ငန်းများသည် အကြောင်း အရာနှင့် ကြော်ငြာများနှင့်ပတ်သက်၍ ရှေးရိုးအစဥ်အလာ ဆက်သွယ်ရေးမီဒီယာများ၏ တည်းဖြတ် သူများကဲ့သို့ ၎င်းတို့ရဲ့ တာဝန်ခံမှုများကို မည်သို့ လက်ခံနိုင်မည်နည်း။ ညွှန်းကိန်းထုတ်ခြင်းနှင့် အညွှန်းဖြုတ်ခြင်းအတွက် (အယ်လဂိုရီသမ်များ) လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းညွှန်စံနှုန်းများကို ပိုမို ပွင့်လင်းမြင်သာအောင် မည်သို့ ပြုလုပ်နိုင်မည်နည်း။ လူပုဂ္ဂိုလ်များနှင့် ထင်မြင်ချက်များ၊ သမိုင်းများနှင့် ယဉ်ကျေးမှုများကို ဂုဏ်ပြုခြင်း သို့မဟုတ် ပယ်ဖျက်နိုင်သည့် ရှာဖွေရေးအင်ဂျင်များ (Search Engines)အတွက် ပွင့်လင်းမြင်သာအောင် ကျွန်ုပ်တို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သတင်းအချက်အလက် စီမံဆောင်ရွက်ခြင်း၏ ပွင့်လင်းမြင်သာမှုကို ကျွန်ုပ်တို့ မည်သို့ အာမခံမည်နည်း။ စာမူ၏ ပိုင်ရှင်၊ အမည်မဖော်လိုသည့် အကာအကွယ်နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် သတင်းရင်းမြစ်များတို့ကို ကျွန်ုပ်တို့ မည်သို့ဖော်ထုတ်နိုင်မည်နည်း။ ရုပ်ပုံ သို့မဟုတ် ဗီဒီယိုသည် အဖြစ်အပျက်တစ်ခုကို ပုံဖော်နေခြင်း သို့မဟုတ် အတုပြုလုပ်ထားခြင်း ရှိမရှိ မည်သို့ ရှင်းလင်းနိုင်မည်နည်း။ တစ်ခုတည်းသော ချဉ်းကပ်မှုကို ထိန်းသိမ်းကာ လုပ်နည်းစနစ်ကို အခြေခံ၍ သတင်းရင်းမြစ်များကို တစ်ခုတည်းအဖြစ်သို့ လျှော့ချခြင်းမှ မည်သို့တားဆီးမည်နည်း။ ဗဟုဝါဒ (အများပါဝင်သော)ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်တွေ့ဘဝ၏ ရှုပ်ထွေးမှုကို ပုံဖော်ရန်အတွက် သင့်လျော်သော ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ မည်သို့မြှင့်တင်မည်နည်း။ အလွန်အစွမ်းထက်သော၊ ငွေကုန် ကြေးကျများပြီး စွမ်းအင်သုံးစွဲသည့် နည်းပညာကို ရေရှည်တည်တံ့အောင် မည်သို့ပြုလုပ်နိုင်မည်နည်း။ ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း အဲဒါကို ဘယ်လို အသုံးချနိုင်မလဲ။

ဤမေးခွန်းများနှင့် အခြားမေးခွန်းများအတွက် ကျွန်ုပ်တို့ပေးသောအဖြေများက AIသည် သတင်းအချက်အလက် ရယူမှုအပေါ် အခြေခံ၍ ဇာတ်အသစ်များ ဖန်တီးခြင်းရှိမရှိ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမြတ်ထုတ်ခြင်းနှင့် မညီမျှမှုပုံစံအသစ်များကို ဖြစ်ပေါ်လာစေပါတယ်။ သို့မဟုတ်ပါက မှန်ကန်သော အချက်အလက်များကို မြှင့်တင်ခြင်းဖြင့် ကျွန်ုပ်တို့ တွေ့ကြုံနေရသော ခေတ်အပြောင်းအလဲကို ပိုမိုသိရှိနားလည်လာစေရန် ပိုမိုကောင်းမွန်သောဖွဲ့စည်းပုံနှင့် အများပါဝင် သော ကွန်ရက်တစ်ခုအတွင်း လူတစ်ဦးချင်းစီ၏ လိုအပ်ချက်များစွာကို အသိအမှတ်ပြု လက်ခံနိုင်စေခြင်းဖြင့် ပိုမို၍ သာတူညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ဖက်မှာလည်း၊ ကျွန်ပြုမှုပုံစံအသစ်၏ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်လျှင်၊ အခြားတစ်ဖက်တွင်၊ ကျွန်ုပ်တို့သည် ပိုမိုလွတ်လပ်မှုနည်းလမ်းကို စိတ်ကူးကြည့်နိုင်ပါတယ်။ လူအနည်းငယ်ဟာ အခြားသူများရဲ့ အတွေးအမြင်ကို သတ်မှတ်ပေးနိုင်တဲ့ ဖြစ်နိုင်ခြေ သို့မဟုတ် လူအားလုံး တွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်နိုင်သည့် ဖြစ်နိုင်ခြေကို တွေ့မြင်နိုင်ပါတယ်။

ဤမေးခွန်းများအတွက် ကျွန်ုပ်တို့ပေးသောအဖြေဟာ ကြိုတင်သတ်မှတ်ထားခြင်း မရှိပါ။ ကျွန်ုပ်တို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်ုပ်တို့ဟာ လုပ်နည်းစနစ် (အယ်လဂိုရီသမ်)အတွက် အစာဖြစ်မလား ဒါမှမဟုတ် ဉာဏ်ပညာဖြင့် ကြီးထွားစေနိုင်တဲ့ လွတ်လပ်မှုဖြင့် ကျွန်ုပ်တို့၏ နှလုံးသားများကို အာဟာရကျွေးမွေးမလား ဆုံးဖြတ်ရန် ကျွန်ုပ်တို့တွင်သာ မူတည်ပါတယ်။ ထိုသို့သော ဉာဏ်ပညာဟာ အချိန်ကို ပညာရှိရှိ အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ အားနည်းချက်များကို လက်ခံထွေးပွေ့ခြင်းနဲ့ ရင့်ကျက်လာပါတယ်။ အတိတ်ကို သတိရသူတွေနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့ မျိုးဆက်တွေကြား ပဋိညာဉ်မှာ ကြီးမားလာပါ‌တယ်။ ကျွန်ုပ်တို့ အတူတကွသာလျှင် ဝေဖန်ပိုင်းခြား သိမြင်မှု၊ သတိဝီရိယနှင့် အရာဝတ္ထုများ၏ ပြီးပြည့်စုံမှုကို မျှော်မှန်း၍ ထိုအရာများကို မြင်နိုင်စေရန်အတွက် ကျွန်ုပ်တို့၏စွမ်းရည်ကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူသားမျိုးနွယ်ရဲ့ ရပ်တည်မှုကို မဆုံးရှုံးစေရန်၊ အရာခပ်သိမ်း၏ ရှေ့မှောက်တွင်ရှိသော ဉာဏ်ပညာကို ရှာဖွေကြပါစို့ (cf. Sir 1:4)။ ထိုဉာဏ်ပညာက ပြည့်ဝစုံလင်သော လူသားချင်း ဆက်သွယ်မှုမှာ  AI စနစ်များကို ထည့်သွင်းနိုင်စေရန်လည်း ကူညီပေးပါလိမ့်မယ်။

 

ရောမမြို့၊ Saint John Lateran၊ ဇန်နဝါရီ ၂၄၊ ၂၀၂၄

 


2024-05-12 04:40:09
NEWS AND EVENTS
2020-05-02 04:48:46

Live stream Mass By Cardinal Charles Maung Bo., SDB, Archbishop Yangon