ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်၌ ကျင်းပ
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို စိန်သြဂုတ်စတင်း ဘုရားကျောင်းရှိ သာသနာ့ ခန်းမဆောင်၌ အောက်တိုဘာလ ၅ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
ဤအခမ်းအနားကို ရန်ကုန် ကက်သလစ် သာသနာ ပညာရေးကော်မရှင်နှင့် ပဲခူးမြို့ရှိ ရွှေဟင်္သာ ကိုယ်ပိုင်အလယ်တန်းကျောင်းတို့မှ စီစဥ်ကျင်းပခဲ့ပါသည်။
ဤ အခမ်းအနားတွင် ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်းအချို့နှင့် သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းအချို့မှ ဆရာ/မများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသော ကျောင်းများနှင့် သင်တန်းကျောင်းများမှ ၎င်းတို့၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို PowerPointများ video clips များဖြင့် တင်ပြခဲ့ကြပါသည်။
ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ပညာရေး ကော်မရှင် Rev. Fr. Abraham Shwe Winမှ ဆရာ/မများသည် ဒုတိယ မိဘဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတွင် ဆရာ/မများအား လေးစားရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။
“ဆရာနှစ်မျိုးရှိပါတယ်။ မိသားစုမှာ ပထမဆုံး ဆရာကတော့ မိဘများဖြစ်ပြီး ဒုတိယကတော့ ကျောင်းများနဲ့ တက္ကသိုလ်များမှ ဆရာများ ဖြစ်ကြပါတယ်။” ဟု မိန့်ကြားခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ပညာရေးကော်မရှင်၏ နာယက ဆရာတော် နိုဝယ် စောနောအေးမှ မစ္ဆားပူဇော်ြခင်းဖြင့် ပြီးဆုံးခဲ့ပါသည်။
အခမ်းအနားအပြီးတွင် အသက် ၇၀နှင့်အထက် ဆရာ/မများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ကမ္ဘာတဝှမ်းလုံးရှိ ဆရာ/မများကို ဂုဏ်ပြုရန် ကမ္ဘာ့ဆရာများနေ့ကို နှစ်စဥ် အောက်တိုဘာလ ၅ ရက်နေ့တွင် 1994 ခုနှစ်မှစ၍ တစ်ကမ္ဘာလုံးတွင် ကျင်းပကြပါသည်။
News : RVA Sgaw Karen Service
Photo: Children present their performance to the Audience
2024-10-08 22:00:44